WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး

13.9.2013
နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး
အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ
ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး
သွား သည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ
တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။
“ ဆွေးနွေးပွဲ ကတော့ အပြန်အလှန် တင်ပြကြတာပါဘဲ။ သူတို့ ဖက်တင်ပြတာက
အထူးအဆန်းမရှိပါဘူး။အချက် နှစ် ချက်ကို တင်ပြတယ်။ ကျနော်တို့က အချက်
(၄)ချက်ကို တင်ပြ ပါတယ်။ ဒါတွေကို အထက် အဖွဲ့တွေကို အပြန်အလှန် တင်ပြပြီး
နောက်လမှာ ထပ်မံ တွေ့ဆုံကြဖို့ အကြမ်းဖျဉ်း သဘော တူကြပါတယ်” ဟု ဆိုပါသည်။
WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည်၊ ပဏာမ သဘော တူထားသည့် အပစ်အခတ်
ရပ်စဲရေးကို ပြန်လည် သုံးသပ် အတည်ပြုရန်။ အပစ်အခတ် ရပ်စဲရေးအား
စောင့်ကြည့်သည့် ပူးတွဲ ကော်မီတီ ဖွဲ့စည်းရန်။ တပ်များ နေရာ ချထား ရေးအတွက်
တပ်တည်နေရာများ ဆွေးနွေးရန်နှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ
ကျင့်ဝတ်များကို ပူးတွဲ ရေး ဆွဲ သွားရန် တင်ပြခဲ့ပါသည်။
အစိုးရ
ကိုယ်စားလှယ်များကမူတပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲကိုတက်ရောက်ရန်၊ နိုင်ငံရေး ဆွေးနွေး ပွဲ အတွက် မူဘောင် ညှိနှိုင်း
ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ သွားရန်တို့ တင်ပြပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော WGEC နည်းပညာ အထောက်အကူပြု အဖွဲ့
ကိုယ်စားလှယ် များမှာ ကရင် အမျိုး သား အစည်းအရုံး (KNU)မှ ပဒို
သာဒို့မူးနှင့် ပဒိုတူးတူးလေး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ
(RCSS) မှ ဗိုလ်မှူးကြီး စိုင်းလ (ခေါ်) စို်င်းလောဝ်ဆိုင်နှင့် ဒုတိယ
ဗိုလ်မှူးကြီး ငိဏ်းတို့ ဖြစ်ပါသည်။
အစိုးရ ကိုယ်စားလှယ် ဖက်မှ
ဦးလှမောင်ဆွေ ခေါင်းဆောင်သော အဖွဲ့ဝင် များနှင့် တသီး ပုဂ္ဂလ ပညာရှင် အဖြစ်
ဟန်ညောင်ဝေနှင့် ဒေါက်တာ လျံမုန်းတို့လည်း တက်ရောက် ခဲ့ပါသည်။
WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည် ၄င်းတို့ ချမှတ်ထားသော မူဘောင် (၆) ချက်ကို အစိုးရ MPC အဖွဲ့ထံ အသေးစိတ် ညှိနှိုင်း ခဲ့ပါသည်။ http://www.burmese.phophtawnews.org/index.php/news/internal-news/item/703-wgec.html
WGEC သည် အစိုးရနှင့် ညှိနှိုင်းမှုများ မပြေလည်ပါက ၄င်းတို့၏ တပြည်လုံး
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ကို တက်ရောက်မည် မဟုတ်ဟု ဆွေးနွေးပွဲသို့
မတက်ရောက်မှီ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ် များ သည်လည်း
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထံ တင်ပြ
ထားသော ၄င်း တို့ ၏ မူသစ် အတိုင်း WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ကို
ပြန်လည် တင်ပြ ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။
ရွှေဟင်္သာသတင်းဌာန
No comments:
Post a Comment