ဆန္ဒပြရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ သုံးပါက အရေးယူမည့်ပုဒ်မ ဥပဒေကြမ်းတွင် ထည့်သွင်း

3.10.2013
၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး)
အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းတွင် အမျိုးသားခေါင်းဆောင်
(ဗိုလ်ချုပ်အောင်ဆန်း) ပုံကို ဆန္ဒပြရာတွင် သုံးပါက အရေးယူမည့်ပုဒ်မ အပါအဝင်
ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပသည့်
ပြည်သူ့လွှတ်တော်တွင် အတည်ပြု လိုက် သည်။
ပြီးခဲ့သည့်သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော်
အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေ ကို ပြင် ဆင် သည့်
ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြင်ဆင်သည့်
ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက စစ်ဆေးကာ
ယင်းပုဒ်မ ၁၀ ခု ပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံ တင်ပြ ရာလွှတ်တော်က သဘောတူခဲ့ခြင်း
ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းတွင် အမျိုးသား ခေါင်းဆောင်ကြီး၏ ပုံကို
ဆန္ဒပြသည့် နေရာများတွင် သုံးစွဲပါက တရားဝင် အသင်းအဖွဲ့မှတစ်ပါး
အခြားသူဖြစ်လျှင် တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော
ငွေဒ ဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည် ဟူ၍လည်း ကောင်း၊
တရားဝင် အသင်းအဖွဲ့ဖြစ်လျှင် ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ် ချမှတ်ခြင်း
ခံရမည်ဟူ၍ လည်းကောင်း အစားထိုးခဲ့သည်။“အမျိုးသား ခေါင်းဆောင် ကြီးဆိုတာ
ဗိုလ်ချုပ်အောင်ဆန်းကို ပြောတာပါ။ မူလဥပဒေနဲ့ တွဲဖက်ကြည့်မှ ပိုပြီးတော့
နားလည်မှာပါ။ ပြစ် ဒဏ် ပုဒ်မတွေက အသစ်ဖြည့်စွက် လိုက်တာပါ။ ဗိုလ်ချုပ်ရဲ့
ရုပ်ပုံကို ဆန္ဒပြတဲ့နေရာမှာ အသုံးပြုတာတွေအတွက် ဒီလို သတ်မှတ်ထားတာပါ” ဟု
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက
ရှင်ြး ပသည်။
အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၄ ပုဒ်မ ခွဲ (င) ၏ အောက်တွင်
ပုဒ်မ (စ) အဖြစ် အမျိုးသား ခေါင်းဆောင်ကြီး၏ ရုပ်ပုံကို ရုံးဌာနများနှင့်
နေအိမ် အဆောက်အအုံများတွင် အလေးအမြတ်ထား၍ ချိတ်ဆွဲ ဆင်ယင်ထားရှိခြင်းဟူ၍
ထပ်မံဖြည့် စွက် လိုက်ခြင်းဖြစ်ပြီး ပုဒ်မ ၇၊ ပုဒ်မခွဲ (ကက) အား တရားဝင်
အသင်းအဖွဲ့မှတစ်ပါး အခြားသူဖြစ်လျှင် တစ်နှစ် အ ထိ ထောင်ဒဏ်ဖြစ်စေ၊
ကျပ်ငါးသောင်းအထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း
ခံရမည် ဟူ၍ လည်းကောင်း ပုဒ်မခွဲ (ခခ) နေရာတွင် တရားဝင် အသင်းအဖွဲ့ဖြစ်လျှင်
ကျပ်တစ်သိန်းထက် မပိုသော ငွေ ဒဏ်ချမှတ်ခြင်း ခံရမည်ဟူ၍ လည်းကောင်း
အစားထိုးခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်း၏ ပုဒ်မ ၆ တွင်ပါရှိသော
‘ခရိုင် ရာဇဝတ် တရားသူကြီး’ ဆိုသည့် စကားရပ်ကို ‘ခရိုင်တရားသူကြီး’
ဟူ၍လည်းကောင်း၊ ‘နယ်ပိုင်ရာဇဝတ် တရားသူကြီး’ ဆိုသည့် စကားရပ်ကို
‘မြို့နယ်တရားသူကြီး’ ဟူ၍ လည်းကောင်း၊ ‘ပထမတန်း သို့တည်းမဟုတ် ဒုတိယ ရာဇဝတ်
တရားသူကြီး’ ဆိုသည့် စကားရပ်ကို ‘ပထမတန်း သို့တည်းမဟုတ် ဒုတိ ယတန်း ရာဇဝတ်
အာဏာအပ်နှင်းခြင်း ခံရသော တရားသူကြီး’ ဟူ၍လည်းကောင်း၊ ‘ရာဇဝတ် တရားသူကြီး’
ဆိုသည့် စကားရပ်ကို ‘တရားသူကြီး’ ဟူ၍ လည်းကောင်း ပြင်ဆင်ခဲ့ကြောင်း
ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။
ယင်းတင်ပြမှုအပေါ် လွှတ်တော်က ကန့်ကွက်သူမရှိဘဲ သဘောတူကြောင်း ကြေညာခဲ့သည်။ပုဒ်မပေါင်း ၁၀ ခု ရှိသော ယင်းဥပဒေကြမ်းကို ပြင်ဆင်ချက်အဆိုကို
ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါကဆက်လက် ဆွေးနွေး ရန်
အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment