တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ကေအိုင်အိုတို့ မူဘောင်ကွဲလွဲမှု ရှိနေ

4.10.2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကေအိုင်အို အလုပ်အဖွဲ့ရုံးတွင်
မြန်မာ့ငြိမ်းချမ်းရေး စင်တာနှင့် ကေအိုင်အို ကိုယ် စားပြု အလုပ်အဖွဲ့တို့
အောက်တိုဘာ ၃ ရက်တွင် ဒုတိယနေ့အဖြစ် ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ကွဲလွဲမှု ရှိနေကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် ကေအိုင်အို အနေဖြင့်
လွန်ခဲ့သော အတွေ့အကြုံများ အရ နိုင်ငံရေး ဆွေးနွေးပွဲသာ အရင်ဆုံး
လုပ်ဆောင်လိုပြီး အစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲပြီးမှသာ
တစ်ဆင့်ပြီး တစ်ဆင့် သွားလိုကြောင်း သိရသည်။
ယင်းကိစ္စနှင့်
ပတ်သက်ပြီး ကေအိုင်အို အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက
''ကျွန်တော်တို့က အပစ်အခတ် ရပ်စဲရေး မလုပ်ချင်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့
အတွေ့အကြုံတွေအရ ကေအိုင်အေရော ကချင်လူထုပါ အပစ်ရပ်ရေး လုပ်သည်ဖြစ်စေ၊
မလုပ်သည်ဖြစ်စေ နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်ချင်တာ။ အပစ်ရပ်စဲရေးနှင့်
ပတ်သက်ပြီး ကေအိုင် အိုမှာ အမြင်ကွဲတာတွေ ရှိပါတယ်။ သဘောတရားတစ်ခု
ရအောင်တော့ ဆွေးနွေးရတာပေါ့။ ကျွန်တော်တို့ သွားချင်တဲ့ လမ်းကြောင်းက
နိုင်ငံရေး ဆွေးနွေးမယ်။ တခြားစောင့်ကြည့်တဲ့ အဖွဲ့တွေ ပါမယ်။ စစ်မှန်တဲ့
ပြည်ထောင်စုပုံစံ ဖွဲ့ စည်းနိုင်ရမယ်။ ပြည်ထောင်စု တပ်မတော်ကိစ္စ
ဆွေးနွေးရမယ်။ အစိုးရဘက်က ထိုးစစ်ဆင်တာ ရပ်ဆိုင်းရမယ်'' ဟု ဆိုသည်။
ဆွေးနွေးပွဲနှင့် ပတ်သက်၍ တိုးတက်မှု ရှိလာပြီး ကေအိုင်အိုဘက်မှ နိုင်ငံရေး
ဆွေးနွေးရန် မျှော်လင့်သည့် အချိန်တွင် စစ်ရေးဖြင့် ဖြေရှင်းမှုကြောင့်
ယုံကြည်မှု တည်ဆောက်ရန် ကြာသွားသည်ဟု ဆိုသည်။
လာမည့်ဆွေးနွေးပွဲတွင် လွန်ခဲ့သော ဆွေးနွေးပွဲက ဖိတ်ကြားခဲ့သော လက်နက်ကိုင်
ကိုးဖွဲ့အပြင် ပလောင်လက်နက် ကိုင်အဖွဲ့၊ တရုတ်နိုင်ငံမှ
အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် မစ္စတာ ၀မ်ယိန်းဖန်း၊ ကချင်ပြည်နယ်တွင်း
မှတ် ပုံတင် ရနိုင်ငံရေး ပါတီကိုးခုနှင့် ရှမ်းမျိုးနွယ်စု
ရေးရာအဖွဲ့တို့ကို ဖိတ်ကြားရန် အစီအစဉ်ရှိပြီး အသေးစိတ်ကို
ေ ဆွးနွေးနေကြောင်း သိရသည်။
လာမည့် ဆွေးနွေးပွဲမှာ အစိုးရနှင့်
ကေအိုင်အိုတို့၏ အရေးကြီးသော ဆွေးနွေးပွဲ ဖြစ်လာနိုင်သည်ဟု အစိုးရနှင့်
ကေ အိုင်အို အလုပ်အဖွဲ့ နှစ်ဖွဲ့စလုံးက ဆိုသည်။
Eleven Media Group
No comments:
Post a Comment