(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့် တကိုယ်တော် လမ်းလျှောက်သူ မြိတ်မြို့မှ ဆက်လက်ထွက်ခွာ

10.10.2013
မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်
အရှေ့တောင်အာရှ SEA GAME ပွဲတော်ကိုကြိုဆို ဂုဏ်ပြု၍ မြန်မာနိုင်ငံတောင်
ဘက်စွန်း ကော့သောင်းမြို့မှ SEA GAME ပွဲတော် ကျင်းပရာ နေပြည်တော်အထိ
တစ် ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူ မြိတ်မြို့၊ ကန်ဖျားရပ်၊ မြေနီလမ်း
အမှတ် (၄၆)နေ အသက်(၄၅)နှစ် အရွယ်ရှိ ဦးအောင်သူ (အဘ) ဦးအောင်မြ
သည်အောက်တိုဘာလ (၁)ရက်နေ့ နံနက် (၆)နာရီအချိန် ကော့သောင်းမြို့
ဘု ရင့်နောင်အငူ (၀ိတိုရိယအငူ)မှ စတင်၍ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်ရာ
ကော့သောင်းမြို့၊ ခမောက်ြ ကီးမြို့နယ်ခွဲ၊ ကရသူရိမြို့နယ်ခွဲ၊
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ၊ တနင်္သာရီမြို့နယ်များ ကို
ဖြတ် သန်းလျှောက် လှမ်း ခဲ့ပြီး မြိတ်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာသို့အောက်တိုဘာလ (၉) ရက် နံ နက် (၈း၂၀) နာရီတွင် ရောက်ရှိလာခဲ့သည်။
အဆိုပါ တစ်ကိုယ်တော် ခရီးရှည်လမ်းလျှောက်သူ ဦးအောင်သူအား မြိတ်မြို့
အားကစား နှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းရှိန်နှင့် အားကစား
ဝါသနာရှင်များ၊ ပြည်သူများမှ တခဲနက် ကြိုဆို အားပေးကြသည်။ ၄င်းတစ် ကိုယ်တော်
ခရီးရှည် လမ်းလျှောက်သူ ဦးအောင်သူအား အောင်မင်္ဂလာ လူငယ်များ စာကြည့်တိုက်အုတ် လှ ငယ်အဖွဲ့မှ အဖွဲ့ဝင်(၁၀)ဦးသည် ကျောက်ဖြူတောင်ကျေးရွာမှ
မြိတ်မြို့အတွင်းသို့ လျှောက်လှမ်းစဉ် လိုက်ပါလျှောက်လှမ်း အားပေးခဲ့ကြရာ
တစ်ကိုယ်တော် ခရီးရှည်လမ်းလျှောက်သူသည် နံနက်(၁၀း၄၅)နာရီတွင် မြိတ်မြို
ဆိပ်ငယ်ရပ်ကွက် လွပ်လပ်ရေးကျောက်တိုင်အထိ (၂၈၆)မိုင်ခရီးပေါက်လျှောက်လှမ်းခဲ့သည်။
အောက်တိုဘာလ(၁၀)ရက် နံနက်(၇)နာရီတွင် တစ်ကိုယ်တော် ခရီးရှည်လမ်းလျှောက်သူ
ဦးအောင်သူ အား မြိတ်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၊ မြိတ်မြို့ အားကစား နှင့်ကာယ
ပ ညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းရှိန်နှင့် ပြည်သူများမှ
ဆိပ်ငယ်ရပ်ကွက် လွပ်လပ်ရေးကျောက်တိုင်တွင် တွေ့ဆုံအားပေး ၀မ်းမြောက်
စ ကားပြောကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ရွှေလက်စွပ်တစ်ကွင်း
ဂုဏ်ပြုပေးအပ်ခဲ့ရာ ဦးအောင်သူက လက်ခံရယူပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင်
ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှ SEA GAME ပွဲတော်ကိုကြိုဆို
ဂုဏ်ပြုလျှောက်လှမ်းခဲ့သော မြန်မာနိုင်ငံတောင် ဘက်စွန်း ကော့သောင်း မြို့မှ
SEA GAME ပွဲတော် ကျင်းပရာ နေပြည်တော်အထိ မြိတ်မြို့မှ ဆက်လက်
လမ်းလျှောက်သွားခဲ့သည်။
၎င်းသည်တစ်နေ့လျှင် ပျှမ်းမျှ(၃၅)
မိုင်နှုန်းခန့် လမ်းလျှောက် ခဲ့ပြီးနေပြည်တော်အထိ
မိုင်ပေါင်း(၁၁၈၂)မိုင်ကို (၅၅) ရက်အကြာ ကာလအတွင်း ရောက်အောင်
တကိုယ်တော်လျှောက်လှမ်း သွားခဲ့ ကြောင်းသိရှိရသည်။
IPRD MYEIK
မြိတ်ပုလဲမြေ
No comments:
Post a Comment