address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Sunday, October 27, 2013
လွတ်မြောက် ဗုံးဖောက်ခွဲသူများ ဖမ်းဆီးနိုင်ရေး အာဆီယံ ရဲတပ်ဖွဲ့ အကူအညီ ရယူဆောင်ရွက်နေဟုဆို
27.10.2013
လွတ် မြောက်နေဆဲဖြစ်သော ဗုံးဖောက် ခွဲမှု များနှင့်ပတ်သက်သည့် အဓိက တရားခံနှင့် အပေါင်းအပါ များကိုနယ်စပ်မှထွက်ပြေးမှုမရှိစေရန်အာဆီယံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နေပြည်တော် ရှိ မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။
ယင်းကဲ့သို့ ထွက်ပြေးတရား ခံ စောနေတိုးနှင့်ပတ်သက်၍ သတင်းကွင်းဆက်များ ရရှိထား ပြီဖြစ်သော် လည်း တရားခံကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အာဆီယံရဲတပ်ဖွဲ့ဝင်များကို အ ဆိုပါတရား ခံနှင့်ပတ်သက်၍ သ တင်းအချက်အလက်များ ပေး ထားပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''မကြာမီ ဖမ်းမိမယ်လို့တော့ မျှော် မှန်းပါတယ်။ နိုင်ငံတကာက ရဲတပ်ဖွဲ့ကလဲ ပူးပေါင်းကူညီမှု တွေ လုပ်နေပါတယ်။ ပြည်ပကို ထွက် မပြေးနိုင်အောင် အာဆီယံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖမ်းဆီး နိုင်အောင် ဆောင်ရွက်နေဆဲပါ'' ဟု ပြော သည်။
ယင်းတရားခံစောနေတိုး နှင့်ပတ်သက်သည့် စောမြင့်လွင် ပါ တရားခံရှစ်ဦးကိုလည်းစုံစမ်းစစ်ေ
ဆးမှုများ ထပ်မံ လုပ်ဆောင် နေဆဲဖြစ်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment