အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေးရုံးများ ပထမဆုံး အကြိမ် တွေ့ဆုံ
27.10.2013
နှစ်ဖက်တပ်များ ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန်အတွက် အစိုးရ နည်းပညာ
အထောက်အကူပြု အ ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေးရုံး အဖွဲ့များ
ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ကို အောက် တိုဘာလ ၂၅ နှင့် ၂၆ ရက်တို့တွင်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြုလုပ် ခဲ့ကြောင်း မြန် မာ
ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ဦးလှမောင်ရွှေက
ပြောကြားသည်။
အဆိုပါ
တွေ့ဆုံပွဲတွင် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA၊ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ RCSS/SSA၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့်
ဝပြည် သွေးစည်းညီညွတ်ရေး တပ် မတော် UWSA တို့မှ ဆက်ဆံရေးရုံး တာဝန်ခံများ
တက်ရောက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“နှစ် ဖက်တပ်တွေ ဆက်ဆံရေး ပိုမိုအဆင်ပြေအောင် Workshop လုပ်တာပါ” ဟု ၎င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စတင်ရာတွင် နှစ်ဖက်တပ်များ ထိတွေ့မှု
မရှိစေရန် ဆက်ဆံရေး ရုံးများ သတင်းပေး ပို့ဆောင်ရွက်ရေးသည် ပိုမို
အရေးကြီးလာသောကြောင့် ဆက်ဆံရေးရုံးများ ပူးပေါင်း ဆောင်ရွက်မှုပိုင်းကို
အရေအသွေး မြှင့်တင်ခြင်း ဖြစ်ကြောင်း RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံဦးစိုင်းဦးက ပြောကြားသည်။“အစိုးရအနေနဲ့ဆက်ဆံရေးရုံးတွေကိုပူးပေါင်း ဆောင်ရွက်သင့် တယ်လို့ နားလည်လာတာပါ” ဟု ၎င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို နိုဝင်ဘာလကုန်တွင်း ပြုလုပ်
ကျင်းပမည်ဟု အစိုးရက ထုတ်ပြန် ကြေညာထားပြီး လက်နက်ကိုင် ၁၅ ဖွဲ့နှင့်
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော်လည်း KIO အပါအဝင် အပစ်အခတ်ရပ်စဲရေး
သဘောတူလက်မှတ် မထိုးရသေးသော အဖွဲ့ နှစ်ဖွဲ့ ကျန်ရှိနေသေးသည်။
The Voice Weekly
No comments:
Post a Comment