Thursday, October 24, 2013

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုဆောင်သစ် ဆောက်လုပ်မှု ယခုလကုန်ပြီးမည်


24.10.2013

ကျိုက်ထီးရိုးတောင်ပေါ်တွင် အသစ်တည်ဆောက်နေသည့် အခမဲ့ တည်းခိုဆောင်သစ်တစ်ဆောင်မှာ ယခုလကုန်၌ ပြီးစီးမည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

ကျိုက်ထီးရိုး ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်းက ''အခု တည်ဆောက်နေတဲ့ အခမဲ့ တည်းခိုဆောင်ကို ဒီလကုန်အပြီး တည်ဆောက်သွားမှာပါ။ ဒီတည်းခိုဆောင် အကျယ်အ၀န်းကတော့ ပေ ၇၀×ပေ ၆၀ ရှိပါတယ်။ ဂေါပကအဖွဲ့ပိုင် တည်းခိုဆောင်တွေ အားလုံးက အခမဲ့တည်းခိုဆောင်တွေပါ'' ဟု အောက်တိုဘာ ၂၂ ရက်က ဆိုသည်။

ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ပိုင်ဆိုင်သည့် အခမဲ့တည်းခိုဆောင်များမှာ ဆီမီးကိုးထောင်ဆောင်၊ သုံးထပ်ဆောင်၊ ပြည့်စုံဆောင်နှင့် တိဿဆောင်တို့ဖြစ်ပြီး ဘုရားဖူး ဧည့်သည်များ အဆင်ပြေစေရန်အတွက် အခမဲ့ အဆောင် သစ်တစ်ဆောင် ယခုနှစ်ရာသီတွင် ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment