ကယားအဖွဲ့အစည်းတွေ သယံဇာတစီမံခန့်ခွဲခွင့် တောင်းဆို

4.10.2013
ပြည်နယ်တွေကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို သက်ဆိုင်ရာပြည်နယ်တွေကသာ
စီမံခန့်ခွဲခွင့် ရှိတယ်ဆို တဲ့ အချက်ကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ထည့်သွင်းမပြင်ဆင်သရွေ့ ကယားပြည်နယ်မှာ တိုးချဲ့လုပ်ဆောင်နေတဲ့
သတ္တုတူးဖော်ရေး စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းထားဖို့
ကယားပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းနှစ်ခု က တောင်း ဆိုလိုက်ပါတယ်။
မိုလိုအမျိုးသမီး သတ္တုတွင်းစောင့်ကြည့်ရေးကွန်ရက်နဲ့ ကရင်နီလူမှုအခြေပြု အဖွဲ့အစည်းကွန်ရက်တို့က ဒီကနေ့ ကြေ ညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကေအန်ပီပီနဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုးချဲ့လုပ်ကိုင် လာတဲ့
သတ္တုတွင်းစီမံကိန်းတွေကြောင့် ဒေသခံတွေ အလုပ်အကိုင်ရှားပါးလာပြီး လယ်ယာမြေ
သိမ်းဆည်းခံရ မှုတွေ လည်း ကြုံလာရတယ်လို့ မိုလိုအမျိုးသမီး
သတ္တုတွင်းစောင့်ကြည့်ရေးကွန်ယက် စည်းရုံးရေးမှူး မနန်းခမ်းလျာ က ပြော ပါတယ်။
“အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ အချိန်ကာလအတိုင်းအတာ တိုတိုလေးမှာပဲ လူထုရဲ့တိုးတက်ရာဖွံ့ဖြိုးကြောင်းတွေ ကို
ဘာမှမလုပ်ဆောင်ပဲနဲ့ အစိုးရနဲ့ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့မှ
ပြည်နယ်ထဲမှာရှိတဲ့ သတ္တုတွေကို ဒီလိုမျိုးလာ တူးဖော် တယ်ဆိုတာ
ကျမတို့လူထုကိုလည်း သူတို့ဖွင့်မပြောပြဘူး၊ လုပ်ကွက်တွေ
တိုးတိုးလာတာနဲ့အ မျှ မြေသိမ်း ယာသိမ်းတွေရော၊ကုမ္ပဏီတွေရောဝင်လာတဲ့အတွက်ကြောင့်မို့ ဒေသခံတွေကအလုပ်အကိုင်ရှားပါးမှုတွေရော
တော်ေ တာ် အခက်ခဲတွေ ကြုံရတယ်ပေါ့နော်”
ကယားပြည်နယ်မှာ အစိုးရနဲ့
ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးခင်က
သတ္တုတွင်းစီမံကိန်း ၃ ခုလောက်သာရှိခဲ့ပြီး အခုဆိုရင် စီမံကိန်း ၁၆ ခုထိ
များလာတယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
မော်ချီးနဲ့
ဖာဆောင်းမြို့နယ်တွေမှာ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းနဲ့
ရွှေသတ္တုတူးဖော်တဲ့ စီမံကိန်းတွေပိုများ လာတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေ
လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲရှိလာသလို စီမံကိန်းတွေနဲ့ ဆက် စပ်ပြီး
အသိမ်းခံရတဲ့ လယ်ယာမြေဧကပေါင်း တစ်သိန်းကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။
RFA Burmese
No comments:
Post a Comment