လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ်ရေးလုပ်ငန်းစဉ်များအတွက် စည်းမျဉ်းများ UNFC ချပြ ဆွေးနွေးမည်
16.10.2013
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်ရန်ရှိသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ်ရေး
လုပ်ငန်းစဉ်အတွက် အပိုင်းသုံးပိုင်းပါဝင်သော စည်းမျဉ်းများကို ချပြဆွေးနွေး
သွားမည်ဟု ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့UNFC ၏ အတွင်းရေးမှူး
နိုင်ဟံသာက ပြောသည်။
အစိုးရနှင့်
ဆက်လက် ဆွေးနွေးရာတွင် လက်မှတ်မထိုးမီ သဘောတူညီထားရမည့် အချက်များ၊
စာချုပ်တွင် ပါ ၀င်မည့် အချက်များနှင့် လက်မှတ်ထိုးပွဲတွင် ပါဝင်
လက်မှတ်ထိုးသူများစာရင်းကို အောက်တိုဘာ ဒုတိယပတ် အတွင်း ပြုလုပ်သည့် UNFC ၏
အရေးပေါ်အစည်းအဝေးတွင် သဘောတူခဲ့ပြီး ထိုသဘောတူညီချက်များကို လိုင်ဇာ
ထိပ်သီးေ ဆွးနွေးပွဲတွင် ချပြဆွေးနွေးမည်ဟု ဆိုခြင်းဖြစ်သည်။
အလားတူ တပ်နေရာချထားရေး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်ရေး၊ ဖက်ဒရယ်
ပြည်ေ ထာင်စုစနစ် ဖော်ဆောင်ရေးအတွက် လိုအပ်ချက်များကိုလည်း ဆွေးနွေးသွားမည်ဟုလည်း နိုင်ဟံသာက
ပြော သည်။
“ကျွန်တော်တို့ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲကို အများကြီး
မျှော်လင့်ထားပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ အားလုံးရဲ့ ထိပ်သီးဆိုတော့
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒီနိုင်ငံရေးပြဿနာကို
ဖြေရှင်းနိုင်ဖို့အတွက် ဘုံရပ်တည် ချက်တစ်ခု ကျနိုင်မယ်။ ဆုံးဖြတ်ချက်တွေ
ချမှတ်နိုင်ကြမယ်”ဟု နိုင်ဟံသာက ပြောသည်။
ယင်းထိပ်သီးဆွေးနွေးပွဲကို UNFCအဖွဲ့ဝင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များအပြင် အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့များကိုလည်း
ဖိတ်ကြားထားသည်။ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အနေဖြင့်မူ UNFC
အဖွဲ့ဝင် မဟုတ်သည့်အတွက် တက်ရောက်နိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း ကချင်ပြည်
လွတ် လပ်ရေးအဖွဲ့KIO မှ ဖိတ်ကြားလာပါက တက်ရောက်မည်ဟု ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။
တစ်ပြည်လုံး
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီ
တာဝန်ခံ၍ လက်မှတ် ထိုးရမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက်ကိုမူ
စုပေါင်းဆုံးဖြတ်မည်ဖြစ်ကာ အစိုးရမှ လက်ခံမှသာ တစ်ဖွဲ့ချင်းစီ အလိုက်
တက်ရောက် လက်မှတ်ရေးထိုးရန် ရှိသည်ဟုလည်း UNFC ၏အတွင်းရေးမှူး (၂)
ဗိုလ်မှူးကြီး ခွန်ဥက္ကာက
ပြောသည်။
UNFC ၏ အရေးပေါ်
အစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်မှ ၁၀ ရက် အထိ UNFC အ ဖွဲ့ဝင်
၁၂ ဖွဲ့လုံးမှ ကိုယ်စားလှယ်ပေါင်း ၃၁ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
Jade Land
No comments:
Post a Comment