ထောင်ဒဏ်တစ်သက် ကျခံရသူများထဲတွင် ဘင်္ဂလားဒေ့ရှ်အ၀ါမီအဖွဲ့ချုပ်နှင့်
အတိုက်အခံ ပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီမှ
ခေါင်းဆောင်နှစ်ဦးလည်း ပါဝင်သည်။ နိုဝင်ဘာလ ၅ရက် နေ့လည် ၁၂နာရီခွဲ
ဆိုးရွားပြင်းထန်သည့် ပြစ်ဒဏ်ချမှုအတွက် တရားခံများ၏ ဆွေမျိုး၊
အပေါင်းအသင်းများမှာ သောကပင်လယ် ဝေခဲ့ကြသည်။
တစ်ကြိမ်တည်းနှင့်
လူပေါင်း ရှစ်ဦးကျော်ကို တရားစွဲသည့် အမှုသည် မြိ့တော်ဒါကာရှိ
နယ်ခြားစောင့် တပ်ဖွဲ့ ဌာနချုပ်တွင် လစာနှင့်နေထိုင်မှု ဆင်းရဲနိမ့်ကျမှုကို
အကြောင်းပြုကာ စတင်ဖြစ်ပွားခဲ့သည်။
ထိုစဉ်က ပုန်ကန်သူများသည် စစ်ဘက် အရာရှိများနှင့် အရပ်သားများကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့ကြသည်။
ထို ပုန်ကန်ုမှုသည် တစ်နိုင်ငံလုံးပြန့်နှံ့ခဲ့၍ အစိုးရတပ်က အင်အားသုံး
နှိမ်နင်းခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အရာရှိ ၅၇ဦး အပါအ၀င် စုစုပေါင်း ၇၄ဦး
သေဆုံးခဲ့ရသည်။
ယခု ပြစ်ဒဏ်စီရင်ချိန်တွင် ၂၇၁ဦးကိုမူ
ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေ သေးသော လူပေါင်း နှစ်ရာကျော်ခန့်မှာမူ
ပုန်ကန်မှုအတွက် ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
လူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့၏ မှတ်တမ်းများအရ အဖမ်းခံရသူ ရှစ်ရာကျော်ထဲတွင်း ၄၇ဦးသည်
စစ်ဆေးရေး ကာလအတွင်း သေဆုံးသွားသည်ဟု သိရသည်။
ထိုမျှမက
ပုန်ကန်မှုတွင် ပါဝင်ခဲ့သူအများစုမှာ အမြဲတမ်းစစ်သားများ မဟုတ်ဘဲ
နယ်စပ်လုံခြံရေးကို တာဝန်ယူခဲ့ရသော ပြည်သူ့စစ်သားများသာဖြစ်သည်။
ထို့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ကိုင်တွယ်ဖြေရှင်းပုံကို
နိုင်ငံ၏ စစ်ဘက်အကြီးအကဲများကိုယ်တိုင် မနှစ်သက်နိုင်အောင် ဖြစ်နေရသည်။
နယ်စပ်လုံခြုံရေးအဖွဲ့ဖြစ်သော ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ် (BDR)သည် စခန်းပေါင်း
၄၂ခုတွင် တာဝန်ယူနေရပြီး စုစုပေါင်း တပ်သားအင်အား ၇၀၀၀ခန့်ဖြင့်
ဖွဲ့စည်းထားသည်။
BBC
No comments:
Post a Comment