address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, November 16, 2013

နိုဝင်ဘာ ၁၄ ရက်ညက ပဋိပက္ခ ဖြစ်ပွားခဲ့သော လက်ပံတောင်းဒေသ မိုးကြိုးပြင် (တောင်) ရွာထိပ်တွင် ဒေသခံများ ဆန္ဒပြ

16.11.2013

လက်ပံတောင်းဒေသ မိုးကြိုးပြင်ရွာ အနီးတွင် နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွား ခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်တွင်လည်း မိုးကြိုးပြင် (တောင်) ရွာအနီးတွင် ဒေသ ခံများက ဆန္ဒပြခဲ့ကြောင်း သိရသည်။

မိုးကြိုးပြင်(တောင်)ရွာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော် အချိန်က သေနတ်ဖြင့် ပစ်ခဲ့မှုကြောင့် လူခုနစ်ဦး ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် နံနက် ၁၂ နာရီတွင် ဒေသခံများက မိုးကြိုးပြင်(တောင်) ရွာထိပ်ရှိ ရဲတပ်ဖွဲ့ဝင်များအား ယာမြေပေါ်မှ ရဲကင်းတဲများ ဖယ်ရှားပေးရေး၊ မတရားဖမ်းဆီး ခံရသူများအား ချက်ချင်းလွှတ်ပေးရေး၊ အကြမ်းဖက် ပစ်ခတ်မှုများ ချက်ချင်းရပ်ပေးရေး၊ ပြည်သူ့ရဲပီပီ ပြည်သူ့ဘက်က ရပ်တည်ပေးရေးနှင့် ရဲနှင့်ပြည်သူ ရန်တိုက်ပေးနေတဲ့ ဦးပိုင်၊ ၀မ်ပေါင် အလိုမ ရှိစသည့် အချက် ၅ ချက်ကို ကြွေးကြော်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

''သေနတ်တွေနဲ့ ပစ်ပြီးတော့ နောက်ပိုင်းမှာ လမ်းပေါ်ထွက်သွားတဲ့ မိုးကြိုးပြင် အလယ်ရွာက ဦးမြင့်ဝေ၊ ဦးတင့်နဲ့  ဦးတင်ညိုတို့ကို ဖမ်းခေါ်သွားတယ်။ မနက်ရောက်တော့  ရွာထဲက အပင်တွေ အတင်းဝင်ခုတ်မယ် လုပ်လို့ ဒေသခံတွေ ၀ိုင်းတားမြစ်ခဲ့တယ်။ လက်န က်မပါဘဲ ကိုယ်ဖြစ်ချင်တာကို တောင်းဆိုတာကို သေနတ်နဲ့ပစ်ကာ နိုင်လိုမင်းထက် လုပ်တာပါ။ ဒေသခံတွေ အနေနဲ့ ဖြစ်ချင်တာကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို သွားမှာပါ'' ဟူ၍ မိုးကြိုးပြင်(တောင်)ရွာမှ အမျိုးသမီး တစ်ဦးက ပြောပြသည်။

အဆိုပါ ဆန္ဒပြရာသို့ နေ့ ၁ နာရီ ၀န်းကျင်တွင် သံဃာတော် သုံးပါးရောက်လာပြီး ဒေသခံ တောင်သူများအပေါ် အကြမ်းဖက် ပစ်ခ တ်မှုကို လက်မခံကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကားများဖြင့် ထပ်မံရောက်ရှိ လာသော်လည်း ဒေသခံများမှာ ယင်းတို့ လိုအပ်ချက်များကို ဆက်လက်တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များအား လေးဂွ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် မိုးကြိုးပြင် ရွာသူရွာသား ၁၅၀ အား ကြေးစင်တောင် ရဲကင်းမှူး ရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment