address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 7, 2013

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်မှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများအား မကျေနပ်၍ လုပ်ဆောင်ခြင်းဟု ဖမ်းဆီးခံထားရသူ ထွက်ဆို


7.11.2013

ပြီးခဲ့သည့် မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြိုးစားမှုသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား မကျေနပ်၍ တုံ့ပြန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အဆိုပါ ကြံစည်မှုကြောင့် ဖမ်းဆီးခံထားရသည့် သံသယရှိသူတစ်ဦးက ၀န်ခံ ထွက်ဆိုခဲ့သည်။

အဆိုပါ အစီအစဉ်ကို အခြားအစွန်းရောက်များနှင့်အတူ Facebook အင်တာနက် စာမျက်နှာမှတစ်ဆင့် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

အသက် ၂၉ နှစ်အရွယ် Separiano သည် ထိုအမှုတွင် ပါဝင်သည့် အခြားသူများနှင့်အတူ ဖောက်ခွဲမှု မပြုလုပ်မီညတွင် ဖမ်းဆီးခဲ့မိခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက သေဒဏ်အထိ ချမှတ်ခံရနိုင်ဖွယ် ရှိသည်။

အစိုးရရှေ့နေ Susilo ၏ ပြောကြားချက်အရ Separiano သည် လွန်ခဲ့သော နှစ်ပိုင်းကစ၍ ဂျကာတာရှိ အစွန်းရောက် ဗလီဆရာတစ်ဦးဖြစ်သည့် Abu Bakar Bashir ထံမှ အစွန်းရောက် အတွေးအခေါ်များ ရရှိခဲ့ပြီး Bakar Bashir သည် ၂၀၀၂ ခုနှစ် ဘာလီ ဗုံးဖောက်ခွဲမှုများကို ကျူးလွန်ခဲ့သည့် Jemaah Islamiyah အစွန်းရောက်အဖွဲ့၏ ဘာသာရေး ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားသူ ဖြစ်ကြောင်း သိရသည်။ Separiano သည် အင်တာနက် လူမှုကွန်ရက် Facebook မှတစ်ဆင့် ဗုံးဖောက်ခွဲရန် ခိုင်းစေသူ Negara Islam Indonesia အဖွဲ့ခေါင်းဆောင် Sigit Indrajid နှင့် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု Susilo က ပြောကြားသည်။

Sigit သည် Facebook စာမျက်နှာများပေါ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်ဘာသာဝင် (ရိုဟင်ဂျာ) များအကြောင်း သတင်းအများအပြား ရေးသား၍ ဗုဒ္ဓဘာသာဝင်များအပေါ် တုံ့ပြန်လက်စားချေရန် ရေးသားမှုများစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် Sigit မှ အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ပစ်မှတ်ထား တိုက်ခိုက်သင့်သည်ဟူသော ရေးသားချက်အောက်တွင် Separiano က" Yes,OK " ဟု အကြောင်းပြန် ရေးသားထားသည်။

ရဲမှ ဖမ်းဆီးချိန်တွင် သံသယရှိသူများထံမှ ပိုက်ဖြင့် ပြုလုပ်ထားသည့် ဗုံးငါးလုံး၊ ဓာတုပစ္စည်းများနှင့် ဗုံးပြုလုပ်နည်းလမ်းညွှန်များ သိမ်းဆည်းရရှိခဲ့သည်။ သံရုံးဗုံးဖောက်ရန် ကြံစည်မှုအတွက် ဖမ်းဆီးထားသည့် သံသယရှိသူများအနက် Separiano သည် ပထမဆုံး တရားဝင် စစ်ဆေးခံရသူဖြစ်သည်။

သြဂုတ်လအတွင်း ဂျကာတာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုတွင် အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ဖြစ်စေခဲ့သည့် အထုပ်ပေါ်တွင် "ရိုဟင်ဂျာများ၏ ငိုကြွေးမှုများအား တုံ့ပြန်ခြင်း ဖြစ်သည်" ဟု ရေးသားထားကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment