Friday, November 15, 2013

အနှစ်(၂၀)လုံး မဆောက်ဘဲထားသည့် မော်လမြိုင်တက်္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အား တည်ဆောက်မည်



15.11.2013

မော်လမြိုင် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမအား ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ အဆောက်အအုံ မပြီးဘဲ ဆောက်လက်စအတိုင်း ထားထားသည့် ဘွဲ့နှင်းသဘင် ခန်းမအား ယခု အစိုးရ လက်ထက် ပြည်ထောင်စုဝန်ကြီးရုံး ရန်ပုံငွေဖြင့် အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအဆောက်အအုံမှာ အလျား (၂၇၀)ပေ၊ အနံ(၁၆၄)ပေ အမြင့်(၄၃)ပေ၊ (၉)လက်မရှိပြီး မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမ အမည်ပေး၍ ပြန်လည် တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။ ၎င်း အဆောက်အအုံမှာ မြို့ပြလုပ်ငန်းအတွက် ငွေမှာ ကျပ်သိန်း (၂၁၉၁၈.၃၀)ဖြစ်ပြီး ရေသန့်လုပ် ငန်းအတွက် ကျပ်သိန်း (၁၃၆၈.၀၀)နှင့် လျှပ်စစ်လုပ်ငန်းအတွက် ကျပ် သိန်း(၂၂၁၃.၇၀)၊စုစုပေါင်းကျပ် သိန်း (၂၅၅၀၀.၀၀) သိန်း အကုန် ကျခံပြီး(၂၀၁၃-၂၀၁၄)ဘဏ္ဍာရေး နှစ် ၂၀၁၄မတ်လတွင် အပြီးတည် ဆောက်မည် ဖြစ်ကြောင်းသိရသည်။ ပြင်ပပန်း ခြံအလှမွမ်းမံမှုနှင့် ခန်းမ အတွင်း လေအေးစက်များ တပ်ဆင် မှုကို (၂၀၁၄-၂၀၁၅)တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၄)မှ ဦးခင်မောင် ဦးအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာကပြောကြားခဲ့သည်။


Myanmartandawsint Newspaper

No comments:

Post a Comment