6.11.2013
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်အတွင်း
ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများကို ရှာဖွေတွေ့ ရှိခဲ့သဖြင့်
စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ ဒုတိယ
ညွှန်ကြားရေးမှူး ဦးအေးသွင်က နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် Daily Eleven
သတင်းစာသို့ ပြောကြားခဲ့သည်။
ကော့သောင်း အကျဉ်းထောင်အတွင်း စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့်
စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၆ ရက်အထိ စစ်ဆေးခဲ့ရာတွင် အကျဉ်းသား
ငါးဦးထံမှ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ဘလိတ်ဓားနှင့် ဓားများကို တွေ့ရှိရသဖြင့်
အရေးယူခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ ထောင်အတွင်းသို့
ယူဆောင်ခွင့် တားမြစ်ထားသည့် လက်နက်များနှင့် ပစ္စည်းများကို
ထပ်မံရှာဖွေရန်အတွက် အကျဉ်းကျနေသူများ နေထိုင်သည့်
ကြမ်းခင်း/ကွပ်ပျစ်များကို လှန်၍စစ်ဆေးရာတွင် မုတ်ဆိတ်ရိတ် ဘလိတ်ဓား ၂၇
ချောင်း၊ အရိုးအသွား လေးလက်မရှိ ဓားရှစ်ချောင်း၊ အရိုးအသွား ခြောက်လက်မရှိ
ဓားငါးချောင်း၊ အရိုးအသွား ခြောက်လက်မရှိ ဓား ၁၁ ချောင်း၊ အရိုးအသွား
ရှစ်လက်မရှိ ဓား ၁၁ ချောင်း၊ စတီးချောင်းအချွန် ၁၄ ချောင်း၊
သံတိုသံစရှစ်ခု၊ ပလာယာ တစ်လက်၊ တစ်မတ်လုံးအရှည် သံတုတ် တစ်ချောင်း၊
အရှည်တစ်ပေ ခဲသီးသံချောင်း ၁၄ ချောင်းနှင့် ဂက်စ်မီးခြစ် ၆၆ လုံး၊
ဖုန်းအားသွင်းကြိုး သုံးခု၊ ဓာတ်ခဲလေးခု၊ ဖုန်းဆင်းမ်ကတ်နှင့်
လက်ကိုင်ဖုန်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး
ဦးအေးသွင်က ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့ အပတ်က
ထောင်အတွင်းမှာရှိတဲ့ အကျဉ်းသား ၁၀၀ ကို ရန်ကုန်အင်းစိန်ထောင်ကို
ပြောင်းခဲ့တယ်ဆိုတာက အခုလို တရားဝင် ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိခဲ့လို့
ထပ်မံပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် လူစုခွဲခဲ့တာပါ။
ဒီလိုပစ္စည်းတွေ ယူဆောင်ခွင့် မရှိဘူး ဆိုတာလည်း ကြေညာထားတယ်။ နှုတ်နဲ့လည်း
မကြာခဏ ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတဲ့ အခါမှာ ၀န်ခံမှု
မရှိဘူး။ သိတဲ့သူကလည်း ကျူးလွန်တဲ့သူကို ဖော်ထုတ်ပြောဆိုမှု မရှိဘူး။
ဒါကလည်း ပူးပေါင်းပြီးတော့ ကြံစည်ထားတယ်လို့ ယူဆရသလို၊
ထုတ်ဖော်ပြောတဲ့သူကို အခြားအကျဉ်းကျ သူတွေက ၀ိုင်းဝန်းရိုက်နှက်မှာ
စိုးတဲ့အတွက် မပြောတာတွေလည်း ဖြစ်နိုင်ပါတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး
အကျဉ်းဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသွင်၏ ပြောကြားချက်အရ
သိရသည်။
ယင်းကဲ့သို့ ထောင်အတွင်း ယူဆောင်ခွင့် မရှိသည့် လက်နက်များနှင့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့သည့် ကော့သောင်းအကျဉ်းထောင်အတွင်း
၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ထောင်အတွင်း အကျဉ်းကျနေသူများက
ညှင်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍
အကျဉ်းကျနေသော အခန်းတွင်း ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက
အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ
အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းအကျဉ်းဦးစီး ၀န်ထမ်းအချို့ကို
စစ်ဆေးအရေးယူမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ "၀န်ထမ်းတွေကို
စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူ ခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့ ဘယ်လိုမျိုး
အရေးယူခဲ့တယ် ဆိုတာတော့ အတိအကျ မသိရပါဘူး" ဟု ဒုတိယ ညွှန်ကြားရေးမှူး
ဦးအေးသွင်က ဆက်လက်ပြောကြားခဲ့သည်။
့သောင်း အကျဉ်းထောင်အတွင်း
အကျဉ်းသားများ အုပ်စုဖွဲ့မှုနှင့် ၀န်ထမ်းများကို တိုက်ခိုက်မှုများ
ပြုလုပ်လာနိုင်သည့် အခြေအနေများကြောင့် စက်တင်ဘာလအတွင်း အကျဉ်းသားဦးရေ ၁၂၀
ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ကာ့ေ
လက်ရှိ ကော့သောင်းအကျဉ်းထောင်အတွင်း
အကျဉ်းကျနေသူနှင့် အချုပ်ကျနေသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀၀
ကျော်ရှိပြီး အဆိုပါ အကျဉ်းထောင်မှာ လူဦးရေ တစ်ထောင်ဆံ့ဖြစ်ကြောင်း
သိရသည်။
Eleven Media Group

No comments:
Post a Comment