8.11.2013
သန်းခေါင် စာရင်းနှင့်
မှတ်ပုံတင်တို့တွင်တိုင်း ရင်းသားလူမျိုးများ၏ လူမျိုး နှင့်ဘာသာ
ကွဲလွဲနေမှုများကို သက်ဆိုင်ရာ မှတ်ပုံတင်ရုံးများ တွင် ပြင်ဆင်နိုင်ကြောင်း
နေ ပြည်တော် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ
အဆင့်မြင့်အရာ ရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ ပြောသည်။
''တိုင်းရင်းသားလူမျိုးတွေ အနေနဲ့ လူမျိုးတွေ၊ ဘာသာတွေ လွဲမှားနေတာကို
သက်ဆိုင်ရာ မြို့နယ်လဝကရုံးတွေမှာ သွား ရောက်ပြင်ဆင်နိုင်ပါတယ်''ဟု ယင်းက
ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ တွင် တိုင်းဒေသကြီး တချို့တွင်
မှတ်ပုံတင်နှင့် အိမ်ထောင်စုစာ ရင်းများတွင် လူမျိုး၊ အမည်များ
လွဲမှားမှုရှိနေသဖြင့် သတ်မှတ် တိုင်းရင်းသားလူဦးရေ မပြည့်မီ ဟုဆိုကာ
တိုင်းရင်းသားအမတ် များ ရွေးချယ်တင်မြှောက်ခွင့်မရ ရှိခဲ့သည့်
ဖြစ်ရပ်များဖြစ်ခဲ့သဖြင့် ၂၀၁၅ရွေးကောက်ပွဲတွင် အလား တူဖြစ်ရပ်မျိုးများ
မဖြစ်စေရန် လက်ရှိအချိန်တွင် တိုင်းရင်းသား အဖွဲ့အစည်းများသည် မှတ်ပုံ
တင်နှင့်အိမ်ထောင်စုစာရင်း အမှန်များ ဖြစ်စေရန် ပြင်ဆင် ရန်
လုပ်ဆောင်နေကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၆၆(ခ)အရ
တိုင်း ဒေသကြီး လူဦးရေစာရင်း၏သုညဒသမ၁ ရာခိုင်နှုန်းရှိမှ သာ
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်
တင်မြှောက်ခွင့်ရှိသဖြင့် မှတ်ပုံ တင်နှင့် အိမ်ထောင်စုစာရင်းများ တွင်
လူမျိုးနာမည်များမှာ အမှန် ဖြစ်ရန်မှာ အရေးကြီးကြောင်း တိုင်းရင်းသားများက
ပြောသည်။
No comments:
Post a Comment