နိုဝင်ဘာလ ၁၀ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် 'မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်း'သို့
ဟောလိဝုဒ်မင်းသမီးတဦးဖြစ်သူ၊ ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏
အထူးကိုယ်စားလှယ်၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ရှေ့ဆောင်အဖွဲ့အား ပူးတွဲတည်ထောင်သူ အင်ဂျလီနာဂျိုလီက သဝဏ်လွှာ ပေးပို့ခဲ့သည်။
ဂျိုလီက “ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ဆောင်ရွက်ပေးခြင်းမရှိ ဘဲ၊ မည်သည့်လူ့အဖွဲ့အစည်းမှ တိုးတက်နိုင်စွမ်းရှိသလောက် အပြည့်အ၀ တိုးတက်မှာမဟုတ်ပါဘူး” ဟု သူမ၏ သဝဏ်လွှာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများမှတဆင့်
အခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန် နိုင်ငံအတွင်းရှိ
အမျိုးသမီးများ အင်အားစုကြီးတစု ဖြစ်လာစေရန် ကြိုးပမ်းချက်များအား
သူမအနေဖြင့် ဂုဏ်ယူမိကြောင်း ဖော်ပြထားသည်။
အမျိုးသမီးများအား
ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊
အုပ်ချူပ်ရေးကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင်
ပါဝင်နေခြင်းအား မြင်တွေ့လိုကြောင်းနှင့် ၎င်းတို့ ပါဝင်ခြင်းဖြင့် နိုင်ငံ၏
ဒီမိုကရေစီပြည့်ဝသော အနာဂတ်အား တည်ဆောက်ခြင်း နှင့် ပဋိပက္ခများအား
ဖြေရှင်းရာတွင် မရှိမဖြစ် လိုအပ်ကြောင်း ရေးသားထားသည်။
အင်ဂျလီနာဂျိုလီက နိုင်ငံသားများ၏ ရပိုင်ခွင့်များအား ကာကွယ်ပေးခြင်းနှင့်
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ပဋိပက္ခဖြစ်ရာဒေသများတွင် လူ့အခွင့်အရေး
ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ၎င်းတို့ရထိုက်သော အခွင့်အရေးများ ၊
တရားမျှတမှုများ နှင့် စောင့်ရှောက်မှုများ ရရှိစေရန် အရေးကြီးသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများအား
လက်တွေ့အမှန်တကယ်ဖြစ်လာစေရန် အမျိုးသမီးများမှ ကြိုးစားအားထုတ်နေခြင်းအား
ကျေနပ်မိကြောင်း ပြောခဲ့သည်။
အင်ဂျလီနာဂျိုလီအား နိုဝင်ဘာလ
၁၀ရက်တွင် ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းအား
တတ်ရောက်ရန်အား ကိုလံဘီယာတက္ကသိုလ်မှ သြဂုတ်လ ၉ ရက်နေ့က
စတင်ဖိတ်ကြားခဲ့ခြင်းဖြစ်သော်လည်း သူမအနေဖြင့် တတ်ရောက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် သတင်းစကားသာ ပေးပို့နိုင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment