8.12.2013
" ပြည်ထောင်စုအစိုးရကို လျှပ်စစ်ဓာတ်အား ၂၃၀ မဂ္ဂါဝပ်ပေးသွင်းဖို့ လုပ်နေပါတယ်။ အခု ပထမအဆင့်အနေနဲ့ တန်တစ်ရာ ဂျီအီးမီးစက်ကြီးကို မုတ္တမပင်လယ်ဝမှာသင်္ဘောကနေချပြီး မော်လမြိုင်မြို့ သိပ္ပံလမ်းထိပ် ကမ်းနားလမ်းမှာတင်နေပါပြီ။ ဒီဇင်ဘာ ၆ ရက်မှာ ငန်းတေး မီးစက်ဝင်းထဲ ရောက်ပါတယ်။ အဲဒီမီးစက်ကနေထုတ်လုပ် တဲ့ လျှပ်စစ်ဓာတ်အား ၄၃ ဒသမ ၅ မဂ္ဂါဝပ် ကို ၂၀၁၄ ဧပြီ ၈ ရက် နောက်ဆုံးထားပြီး မွန်ပြည်နယ်ကိုပေးသွင်းဖို့ စာချုပ်ချုပ်ထားပါတယ်။ အဲဒီအချိန်ကစပြီး မွန်ပြည်နယ်မှာ စွမ်းအားပြည့်လျှပ်စစ်ဓာတ်အားကို ၂၄ နာရီပတ်လုံး သုံးစွဲနိုင်မှာပါဟု ဦးစိန်ဝမ်းက ပြောကြားသည်။
Myanmar Lighting (IPP) Co.,Ltd သည်အမေရိကန်ဒေါ်လာ ၁၇၄ သန်း အကုန်အကျခံကာ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ၂၃၀ မဂ္ဂါဝပ် ပေးသွင်းနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်လျက် ရှိပြီး၊ ၂၀၁၅ နိုဝင်ဘာလတွင် အပြီးသတ်နိုင်မည်ဟုသိရသည်။ မီးစက်နှင့် ဆက်စပ်စက် ပစ္စည်းများသယ်ယူနိုင်ရန် မြို့တွင်း စက်သယ်ဆောင်မည့် လမ်းကြောင်းတစ်လျှောက်နှင့် သိပံ္ပလမ်းထိပ်တွင် လိုအပ်သည့် အမာခံရရှိ ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Eleven Media Group
(မော်လမြိုင်ဆိပ်ကမ်းတွင် တန်တစ်ရာ ဂျီအီးမီစက်အား သယ်ဆောင်ရန်ပြင်ဆင်နေစဉ်)

No comments:
Post a Comment