ကုလသမဂ္ဂက ဆီးရီးယားစစ်ပွဲများတွင် ဓာတုလက်နက် အကြိမ်ကြိမ်သုံးခဲ့ကြောင်း အတည်ပြု

14.12.2013
ဒီဇင်ဘာ ၁၂ရက်က ကုလသမဂ္ဂမှ ထုတ်ပြန်သော အပြီးသတ် အစီရင်ခံစာတွင် ဆီးရီးယား၏ ပြည်တွင်းစစ်ပွဲကာလ နှစ်နှစ်ခွဲ
ကာလအတွင်း ဓာတုလက်နက်များကို အကြိမ်ကြိမ်အသုံးပြုခဲ့ပြီး လူပေါင်း တစ်သိန်းကျော် သေဆုံးစေခဲ့သည်ဟု အတည်ပြုလိုက်သည်။
ကုလသမဂ္ဂစုံးစမ်းစစ်ဆေးရေး သမားတို့က တိုက်ခိုက်မှု လေးခုတွင်
လူကိုသေစေနိုင်သော ဆာရင်းအဆိပ်ကို သုံးခဲ့ပြီး တစ်ကြိမ်မှာ ပမာဏ
အလွန်များခဲ့သည်ဟု ဆိုသည်။
အစီရင်ခံစာ၌် ဓာတုလက်နက်ဒဏ်
ခံသူများထဲတွင် အရပ်သားများသာမက အစိုးရ၏စစ်သားများပါ ပါဝင်နေပြီး မည်သည့်
ဘက်က အသုံးပြုသည်ကိုမူ အတိအကျ အဖြေထုတ်ရန်ခက်ခဲ့နေကြောင်း ဖော်ပြထားသည်။
အစီအရင်ခံစာ ထွက်လာသည်နှင့် အတိုက်အခံ ဆီးရီးယား အမျိုးသားညွှန့်ပေါင်းအဖွဲ့က ၈၂မျက်နှာမျှရှိသော ဝေဖန်တုန့်
ပြန်ချက်များ ချက်ချင်း ထွက်လာခဲ့သည်ဟု ဆီးရီးယားမှ ကုလသမဂ္ဂသံအမတ် ဘာရှာဂျာအဖာရီက ဆိုသည်။
ဓာတုလက်နက်အသုံးပြုသည့် အချိန်နှင် နေရာမျာကို ကြည့်လျှင် မတ်လအတွင်းက
အလက်ပိုမြို့ မြောက်ပိုင်း ကန်အယ်အက်ဆယ်တွင် တစ်ကြိမ်၊ ဧပြီလအတွင်းက
အစ်လိလ်မြို့မြောက်ပိုင်း ဆာရာကွက်တွင် တစ်ကြိမ်၊ သြဂုတ်လ အတွင်းက
မြို့တော် ဒမတ်စကတ်အနီး ဂျိုဘာနှင့် အက်ရှ်ရာဖက်ဆနာရာတို့တွင်
နှစ်ကြိမ်တိတိတို့တွင် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလက ထုတ်ပြန်ခဲ့သော ကနဦးအစီရင်ခံစာတွင်မူ သြဂုတ်လ ၂၁ရက်က
သူပုန်များသိမ်းပိုက်ထားသော ဂိုတာအရပ်တွင် သုံးခဲ့သော ဓာတုလက်နက် ပမာဏမှာ
အလွန်များပြားခဲ့ပြီး အရပ်သားများ ရာနှင့်ချီကာ သေဆုံးခဲ့ သည်ဟု
ဖော်ပြထားသည်။ နောက်ဆုံး အစီရင်ခံစာတွင် ဂျိုဘာ၊ ဆာရာကွက်နှင့်
အက်ရှ်ရာဖက်ဆနာရာတွင် သုံးသည့် ပမာဏမှာ အနည်းငယ်ဖြစ်သည်ဟု ရေးသားထားသည်။
ဓာတုလက်နက်ကို အစိုးရနှင့် သူပုန်များအနက် မည်သည့်ဘက်က အသုံးပြုသည်ကို
အတိအကျ မပြောနိုင်သေးချိန်တွင် နှစ်ဘက်စလုံးက အပြိုင်အဆိုင် ငြင်းဆိုကာ
တစ်ဘက်နှင့်တစ်ဘက် စွပ်စွဲ လျက်ရှိသည်။
ကုလသမဂ္ဂက ဆီးရီးယား
နိုင်ငံအနှံ့အပြားတွင် သူပုန်များဘက်မှ ယင်းသို့သော လက်နက်များ
ဖမ်းဆီးရမိသည်ဟုဆိုချိန်တွင် အနောက်တိုင်း အင်အားကြီးနိုင်ငံများကမူ
ဆီးရီးယားသူပုန်များသည် ဓာတုလက်နက် ပိုင်ဆိုင်ခြင်း မရှိဟု ဆိုကြသည်။
Sellstrom စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက်ပိုင်းကာလများတွင်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ဆီးရီးယားအစိုးရက
ကန်အယ်အက်ဆယ်တိုက်ခိုက်မှုတွင် သူပုန်များသည်ဓာတုလက်နက်များ သုံးခဲ့ဟု
ရေးသားတိုင်ကြားခဲ့ဖူးသည်။ ယခုစုံစမ်းစစ်ဆေးမှုများကို ဒီဇင်ဘာ ၁၃ရက်က
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထုတ်ပြန်ခဲ့ပြီး၊ လာမည့် တနင်္လာနေ့တွင်
လုံခြုံရေးကောင်စီတွင် ဆွေးနွေးကြမည် ဖြစ်သည်။
The Myanma Age
No comments:
Post a Comment