address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Tuesday, December 10, 2013
ဖိလစ်ပိုင်နဲ့ ယနေ့ညနေမှာ ကန်ရမည့် မြန်မာအမျိုးသမီးအသင်း
10.12.2013
ဒီဇင်ဘာလ (၉)ရက်နေ့က ဘောလုံးအမျိုးသမီး ဖွင့်ပွဲ အလံတင်အခမ်းအနားမှာ တွေ့ရတဲ့မြန်မာအမျိုးသမီးအသင်း၏
ဓာတ်ပုံဖြစ်ပါတယ်။ အခမ်းအနားအပြီးတွင် MRTV မှ မြန်မာနည်းပြ နည်းပြ ကုမာဒါကို သိလိုသည်များကိုမေးမြန်းခဲ့တာကိ
ုတွေ့ရပါတယ်။
အင်တာဗျူးမှုအရတော့ မြန်မာအမျိုးသမီးအသင်းသည် ပြိုင်ပွဲအတွက်
ရာခိုင်နှုန်းပြည့်နီးပါး ပြင်ဆင်လေ့ကျင့်ထားပြီးကြောင်း နှင့် ပွဲတိုင်းကိုအနိုင်ကစားနိုင်မည်ဟုယုံကြည်ကြောင်း နှင့် ရွှေဆုကိုမှန်းထားကြောင်းပြောခဲ့
ပါတယ်။မြန်မာအမျိုးသမီးအသင်းသည် ယနေ့ညနေ (၄း၀၀) နာရီတွင်ပွဲဦးထွက်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပွဲစဉ်မှာဖိလစ်ပိုင်နဲ့ တွေ့ဆုံထားဖူးပြီးခဲ့ပြီး ထိုစဉ်က (၅) ဂိုး (၁)ဂိုးနဲ့ နိုင်ထားပါတယ်။လက်ရှိခြေစွမ်းကောင်းများပိုင်ဆိုင်ထားသည့် မြန်မာအသင်းအနေနဲ့ဖိလစ်ပိုင်ကိုဂိုးပြတ်အနိုင်ရလိမ့်မည်ဟု ခန့်မှန်းမိကြောင်နဲ့ အရင်ရလဒ်ထက်ပိုမိုသာလွန်ပြီး သွင်းနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
အထူးသဖြင့် ဖိုင်နယ်ကို သက်သက်သာသာတက်ရောက်နိုင်ရေးအတွက
်နောက်တစ်ပွဲ ဗီယက်နမ်နဲ့သရေကျခဲ့သည်ရှိသော် မိမိတို့ဖက်မှ
ရဂိုးများထားပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်သုံးသပ်မိကြောင်းပါ။ဘောလုံးပွဲကို အမျိုးသားပွဲစဉ်များအတိုင်း MRTV4 နှင့် SKYNET တို့မှထုတ်လွင့်သွားဖွယ်ရှိကြောင်း သိရပါတယ်။
http://myanmartvchannel.com/
sea-games-channel.html
မိုးတိမ်(တမာမြေ)
http://www.football-cafe.com/
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment