address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Tuesday, December 10, 2013
မလေးရှားသို့ အမျိုးသမီးလုပ်သား စေလွှတ်ရာတွင် အေဂျင်စီများ တာဝန်ယူမှု ၀န်ခံချက်ပေးရမည်ဟု ဆို
10.12.2013
မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးလုပ်သားများ စေလွှတ်မှုကို ယခုလဆန်းပိုင်းက ပြန်လည်ခွင့်ပြုထား ပြီး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် အလုပ်ရှင်ဘက်မှ တာဝန်ယူမည့်အထောက်အထား များအပါအ၀င် ၀န်ခံချက်များ တင်ပြသွားရမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ပြောသည်။
“တို့က သူတို့ကို စက်ရုံတွေ ကောင်းတယ်ဆိုတဲ့အကြောင်း အထောက်အထား ခိုင်မာဖို့၊ အလုပ်ရှင်က လည်း တာဝန်ယူတဲ့အကြောင်း အထောက်အထားပြခိုင်းတယ်။ လူကြီးတွေကို တင်ပြပေးတယ်။ကလေး တွေရဲ့ နေမှုထိုင်မှုတွေကိုလည်း တာဝန်ယူတဲ့အကြောင်းတွေ တင်ပြရတယ်။ ၀န်ခံချက်တွေပေးရတယ်။ မဟုတ်ရင် တရားမ၀င်နည်းလမ်းတွေနဲ့ မလေးရှားကို ထွက်ကုန်မှာ စိုးလို့လေ”ဟု ပြောသည်။
မြန်မာအမျိုးသမီးလုပ်သားများကို
ပြည်ပလုပ်ငန်းခွင်တစ်ခုအတွက် အနည်းဆုံး ငါးဦးတစ်စု စေလွှတ်နိုင် သည့် လုပ်ငန်းခွင်များ၊ စင်ကာပူ၊ မလေးရှား၊ ဂျပန် စသည့်နိုင်ငံများသို့ ပို့ဆောင်ခွင့်ပြုကြောင်း အလုပ် သမားဝန်းကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီ မန်နေဂျာတစ်ဦးကမူ “မလေးရှားကို အမျိုးသမီးလုပ်သားတွေ ပြန်လည် စေလွှတ်ခွင့် ပြုပါပြီ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေက အရမ်းများလွန်းနေတယ်”ဟု ပြောသည်။
မိုးယံ ပြည်ပအလုပ်အကိုင်လုပ်ငန်း ဒါရိုက်တာဦးကျော်ထင်ကျော်ကလည်း
“အမျိုးသမီးလုပ်သားတွေ မလေးရှားပို့ခွင့်အတွက် တရားဝင် စာနဲ့ထွက်ပါတယ်။ ဟိုဘက်က အလုပ်ရှင်က တာဝန်ယူရမယ်။ ဒီ ဘက်အေဂျင်စီက တာဝန်ယူရမယ်။ အဲ့လို တာဝန်ယူမှုတွေ ရှိတယ်ဆိုရင် ပို့ခွင့်ပြုတယ်ဆိုပြီးတော့ ပါ တယ်”ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများအား မြန်မာအမျိုးသမီးလုပ်သားများကို
ပြည်ပနိုင်ငံများသို့ တရားဝင် စေလွှတ်ခွင့်ပြုခြင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး ယခုနှစ် မေလ၂၉ ရက်က မလေးရှားနိုင်ငံ ဆာလာရန်ဈေးတွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် မြန်မာ လုပ်သားအချို့ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများကြောင့် မြန်မာလုပ်သား ထောင်နှင့်ချီ ပြန်လာခဲ့ ကြောင်း၊ ထိုသို့ မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနမှ လုပ်သားပို့ဆောင်ခြင်းများကို ဆိုင်းငံ့စေခဲ့သည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၇၅ ခုတွင် မလေးရှားသို့ လုပ်သားပို့ဆောင်သည့် အေဂျင်စီများမှာ ၆၀ ရာခိုင်နှုန်းရှိပြီး လက်ရှိကာလတွင် မလေးရှားမှ လုပ်သားခေါ်စာ ၄၀၀၀ မှ ၆၀၀၀ ခန့် အထိရှိနေသည်ဟု ပြည်ပအလုပ်အကိုင် လုပ်ငန်းလုပ်ကိုင်သူအချို့က ခန့်မှန်းကြသည်။
Mizzima - News in Burmese
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment