ရန်ကုန်-ဗန်ကောက် အဲကွန်းနှစ်ထပ် ဘတ်စ်ကားကြီးများ နေ့ချင်းရောက်ပြေးဆွဲမည်

18.12.2013
မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တော်နှင့် ထိုင်းနိုင်ငံမြို့တော်
ဗန်ကောက်မြို့သို့ အဲကွန်းဘတ်စ်ကား ကြီးများ အချိန် ၁၂ နာရီဖြင့်
နေ့ချင်းရောက် ပြေးဆွဲပေးမည်ဟု သိရသည်။ ပထမတန်းစားအဲကွန်း
နှစ်ထပ်ဘတ်စ်ကားကြီးများတွင် ခရီးသည် ၁၂၀ဆံ့ပြီး တစ်ဦးလျှင်
ငွေကျပ်သုံးသောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် US ကျပ် ၄၀
နှုန်းသတ်မှတ်ပြီး ကားအစီးရေ ၂၀ ဖြင့် တစ်ရက်ခြားစီ ပြေးဆွဲမည်ဖြစ်သည်။
ရန်ကုန်-သထုံ-ဘားအံ-ကော့ကရိတ်-မြ၀တီ-မဲဆောက်-ဗန်ကောက်-ရန်ကုန် ခရီးစဉ်ကို
Yangon Air Bus-Taxi လိုင်းသစ်မှ ၂၀၁၄ ခုနှစ် မြန်မာ-ထိုင်း
နှစ်သစ်ကူးပွဲတော်အမီ ပြေးဆွဲသွားရန် ပြင်ဆင်လျက်ရှိသည်။
ပထမတန်းစား
အဲကွန်းနှစ်ထပ် ဘတ်စ်ကားကြီးများသည် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊
မန္တလေးမြို့ကြီးများမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်သော
နှစ်ထပ်ဘတ်စ်ကားလိုင်း ဖြစ်ပြီး အဝေးပြေးမော်တော်ယာဉ် ခရီးစဉ်လိုင်းကားများ
အတွက်လည်း ပိုမိုထိရောက်သော အဲယားကွန်းနှစ်ထပ် ဘတ်စ်ကားကြီးများဖြစ်သည်။
ယင်းအဲကွန်းနှစ်ထပ် ဘတ်စ်ကားကြီးများကို ရန်ကုန်မြို့ ကမ်းနားလမ်း
ကျန်းမာရေးဆိပ်ကမ်း ကားဝင်းအတွင်းမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍
ဘားအံမြို့သို့ နံနက် ၁၀နာရီရောက်ရှိကာ ကော့ကရိတ်မြို့သို့နံနက် ၁၁ နာရီ
ရောက်ရှိမည်ဖြစ်သည်။ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီရောက်ရှိပြီး
မဲဆောက်မြို့မှ ဗန်ကောက်မြို့သို့မွန်းလွဲ ၂ နာရီ စတင်ထွက်ခွာကာ
ဗန်ကောက်မြို့သို့ ညနေ ၆ နာရီတွင်ရောက်ရှိမည်ဖြစ်သည်။
အဲကွန်းနှစ်ထပ်
ဘတ်စ်ကားကြီးများကို အောက်မြန်မာပြည်-ရန်ကုန်မြို့ကို ဗဟိုပြု၍ ရန်ကုန်ဘား
အံ-မြ၀တီ-မဲဆောက်-ဗန်ကောက်-ရန်ကုန်ခရီးစဉ်၊
မြန်မာပြည်တောင်ပိုင်း-ရန်ကုန်မြို့ကို ဗဟိုပြု၍ အရှေ့တောင်အာရှမှ
တောင်အာရှနိုင်ငံများမှ တစ်ဆင့်အမေရိက၊ ဥရောပနိုင်ငံများသို့
ခရီးဆက်ကြသူများ များပြားတိုးတက်လာသည်။
နိုင်ငံခြားကမ္ဘာလှည့်
ခရီးသည်များသည် ၂၀၁၃ ခုနှစ်တွင် အများဆုံးလာရောက်ရာတွင်
မြန်မာနိုင်ငံတောင်ပိုင်းတန င်္သာရီတိုင်းဒေသကြီး၏ စက်မှုမြို့တော်
ထားဝယ်မြို့သို့ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်များဖြင့် လာရောက်လည်ပတ်၊
လေ့လာ၊ သုတေသနပြုမှု၊ င်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ဆောင်ရွက်ရန်
အထူးစိတ်ဝင်စားလျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။
ထိုင်းနိုင်ငံ
ကချရပူရီပြည်နယ် စက်မှုဇုန် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစီးသော
စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီပိုင်ရှင်များ၊ အပျော်တမ်း စက်ဘီးစီးအဖွဲ့၊
မော်တော်ယာဉ်အဖွဲ့၊ လမ်းလျှောက်အဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့
အများစုတို့သည်လည်း လေယာဉ်ခရီးစဉ်များဖြင့် စက်မှုမြို့တော်
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး တည်ဆောက်ရေး
စီမံကိန်းများကို ပူးပေါင်းဆောင်ရွက်ရေး အကျိုးတူ စီးပွားရေးလုပ်ငန်း၊
ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေး ပညာပေးခြင်း၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း လုပ်ငန်းများကိုဒေသခံ
တိုင်းရင်းသားများနှင့် ခင်မင်ရင်းနှီးစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊
ထွက်ကုန်ပစ္စည်းအချင်းချင်း လက်လီလက်ကား ရောင်းဝယ်ဖောက်ကားခြင်း၊
တွင်းထွက်သယံဇာတပစ္စည်းများ စမ်းသပ်တူးဖော် လေ့လာ သုတေသနပြုသူများနှင့်
ကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်စားပြီး လာရောက်လေ့လာ လည်ပတ်၍
စီးပွားရေးလုပ်ကိုင်ရာ နေရာတစ်ခုအဖြစ် သတ်သတ်မှတ်မှတ် လာရောက်နေရာ
လေယာဉ်စီးခရီးသည် ရာနှုန်းပြည့် လာရောက်နေကြသည်ကို
အများဆုံးမြင်တွေ့နိုင်သည်။
“အဲယားမန္တလေး- ရန်ကုန်- ထားဝယ် ခရီးစဉ်တွင်
အအေး၊ အချိုရည်၊ လက်ဖက်ရည်၊ မုန့်ချိုများကို ၁၅မိနစ်တစ်ကြိမ်
ကျွေးမွေးဧည့်ခံ ဝန်ဆောင်မှုအပြည့်အဝ ပေးဆောင်မှုနှင့် အတူ နေ့စဉ်ထုတ်
ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ နယူးလိုက်အော့ဖ် မြန်မာ(အင်္ဂလိပ်)
သတင်းစာနှင့် မြ၀တီသတင်းစာများကို နံနက် ၆ နာရီ လေယာဉ်ပေါ်တွင် ဖတ်ရှုရသည့်
အတွက် များစွာဝမ်းသာကြည်နူး ပီတိဖြစ်ရပါတယ်”ဟု ဂျပန်စီးပွားရေးလုပ်ငန်းရှင်
Ex Myanmar (Japan) CEO မာစတာ ခိုင်စွမ်က ချီးကျူးစကားဆိုသည်။
မည်သို့ပင်ဆိုစေကာမူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသော မြန်မာနိုင်ငံ
တောင်ဘက်စွန်း စက်မှုမြို့တော်ထားဝယ်မြို့သို့ စီးပွားရေး၊ လူမှုရေး
အကြောင်းအမျိုးမျိုးဖြင့် လာရောက်လည်ပတ် ရင်းနှီးမြှုပ်နှံ စီးပွားရေး
အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြသော ပြည်တွင်းပြည်ပ
ကမ္ဘာလှည့်ခရီးသည်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ “စိတ်နှလုံးကို
အေးမြနွေးထွေးစေကာ ပျူငှာသော ဓလေ့စရိုက် ရိုးသားမှုများနှင့်အတူ ထားဝယ်သူ
ထားဝယ်သားတို့၏ ဖြူစင်သော မေတ္တာအရင်းခံ စိတ်ဓာတ်ကို အသိအမှတ်ပြု
သဘောဆောင်ကြောင်း လေယာဉ်လိုင်းများမှ ဝန်ထမ်းများ၏ ပြောစကားများကို
ကြားရမြင်ရတွေ့ရသော ထားဝယ်သူ ထားဝယ်သားများ ရင်တွင်းဝမ်းသာပီတိ
ဖြစ်ရပါကြောင်း” ထားဝယ်ရိုးရာ ယဉ်ကျေးမှုအက အဖွဲ့နည်းပြချုပ်
ဆရာဦးကိုကိုကြီးက ဖွင့်ဟပြောကြားမှုကလည်း မြန်မာ့ရိုးရာ ဓလေ့စရိုက်နှင့်အညီ
ပြုမူနေထိုင်ကြသော၊ တစ်နည်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုကို မပျောက်မပျက်
ထိန်းသိမ်းနေထိုင် တတ်သော ထားဝယ်ဒေသခံများ၏ ချစ်စဖွယ်အမူအရာများကို
ချီးကျူးမိပါကြောင်း ဂါရ၀ပြု လေးစားစွာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။
MOI Web Portal
No comments:
Post a Comment