ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်ရန် တောင်းဆို

16.12.2013
လူအခွင့်အရေးချိုးဖောက်ခံရမှုများအား ဖော်ထုတ်ရန်နှင့် အကာအကွယ်မဲ့နေမှုများအတွက် တောင်းဆိုရန် ရည်ရည်ချက်ဖြင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ
ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းတွင် မြစ်ကြီးနား ရဲတပ်ဖွဲ့ရုံးသို့
ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရန် တောင်းဆိုကြောင်း အဆိုပါအဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်
မေးမြန်းကြည့်ရာ``ဟုတ်ပါတယ်၊ ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)က
အင်အားလေးသောင်းနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စီတန်းလှည့်လည်ခွင့်
တောင်းတာပါ´´ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး လှရီမှ ပြန်လည်ပြောပြချက်အရ
သိရှိရသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီမှစ၍ မြစ်ကြီးနား၊ ရှမ်းစု
(မြောက်)ရပ်ကွက်၊ ၀န်းသိုကျောင်း တိုက်ရှိ ဇော်ဂျွန်လမ်းမပေါ်တွင်
ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ခန့်ဖြင့် စတင်စုဝေးပြီး ဇော်ဂျွန်လမ်းမကြီး
အတိုင်း ဆမားလမ်းဆုံး-အောင်ဆန်းလမ်းဆုံ-ဇော်ဂျွန်လမ်းဆုံ-၀န်းသို
ကျောင်းတိုက်ရှေ့သို့ ပြန်လည်ရောက်ရှိ မည့်လမ်းကြောင်းအတိုင်း
ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများ
ပြုလုပ်သွားရန် တင်ပြ တောင်းဆိုထားကြောင်း သိရသည်။
ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(ကချင်ပြည်နယ်) မှ ဦးခင်မောင်အေးက ``ဒီဇင်ဘာ
၁၁ ရက်နေ့ မှာ ကျင်းပပြုလုပ် ခဲ့တဲ့ အရေးပေါ် အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၃)အရ
တပ်ပြလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ကချင် ပြည်နယ်မှာ နေထိုင်တဲ့
ရှမ်းမျိုးနွယ်စုအားလုံးရဲ့ သဘောဆန္ဒပါ´´ ဟု ဆိုသည်။
အဆိုပါ
စီတန်းလှည့်လည်ပွဲတွင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၏
ဆန္ဒဖော်ထုတ်ပွဲ၊ နိုင်ငံတော်အစိုးရ မှ လက်နက်မဲ့ ပြည်သူများအား
အကာအကွယ်ပေးပါ။ KIO နှင့် KIA တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ
ရပ်တန့်ပေးပါ။ ငြိမ်းချမ်းရေးအမြန်ဆုံး ရအောင် ဖော်ဆောင်ကြပါ။
ဖမ်းဆီးခံရှမ်းလူငယ်များအား အမြန်ဆုံး ပြန်လွှတ်ပေး၊ KIO နှင့် KIA
အဓမ္မလူသစ်စုဆောင်းခြင်း အလိုမရှိ၊ လက်နက်ရှိသူက လက်နက်မဲ့သူအား အနိုင်ကျင့်
စော်ကားမှု အလိုမရှိ၊ မီဒီယာများ အမှန်တရားကို တရားမျှတစွာ ဖော်ပြကြပါဟူသော
လက်ကိုင် ပိုစတာဗီနိုင်း ဆိုင်းဘုတ်များ ကိုင်ဆောင်၍
လှည့်လည်မည်ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဆက်လက် ပြောပြ သွားသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ တောင်းဆိုထားသော စီတန်းလှည့်လည်ခွင့်ပြုလုပ်လိုသည့်
ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံ၌ လက်ခံကျင်းပပြုလုပ်နေသည့်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကျင်းပနေသော ကာလဖြစ်၍
ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း မြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ
သိရှိရပါသည်။
Shan News
No comments:
Post a Comment