address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, December 16, 2013
မြ၀တီနယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု မြင့်တက်နေပြီး ယာဉ်တန်းအဆင်းနေ့တိုင်း တန်ချိန် ၄၀၀ ခန့် တင်သွင်းလျက်ရှိ
16.12.2013
နွေရာသီ တည်ဆောက်ရေး လုပ်ငန်းခွင်များ အရှိန်အဟုန် မြင့်တက်နေခြင်းကြောင့် မြ၀တီနယ်စပ်မှတစ် ဆင့် ပြည် တွင်းဈေးကွက်သို့ ဘိလပ်မြေ တင်သွင်းမှုမှာ ယခင်လကထက် နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး ယာဉ်တန်းအဆင်းနေ့တိုင်း တန် ၄၀၀ ခန့် ကုန်သွယ်လျက်ရှိကြောင်း မြ၀တီနယ်စပ် ကုန်သွယ်လုပ်ငန်းရှင်များထံမှ သိရသည်။
မိုးရာသီ နေအိမ်တိုက်တာ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ လျော့နည်းခဲ့စဉ်က လုပ်ငန်းများ၏ အဓိက လိုအပ်ချက်ဖြစ်သော ဘိလပ်မြေကုန်သွယ်မှု လျော့ကျခဲ့ပြီး နွေရာသီ တည်ဆောက်ရေး လုပ်ငန်းခွင်များ၏ လုပ်ငန်း လိုအပ်ချက်အရ ဘိလပ်မြေတင်သွင်းမှု မြင့်တက်လျက်ရှိကာ နိုဝင်ဘာလအတွင်း တန်ချိန် ၅၈၈၀ တင်သွင်းခဲ့ကာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၄၈၄၇၀၀ ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
"အခုနွေမှာ ဆောက်လုပ်ရေး၊ တည်ဆောက်ရေးတွေ အရမ်းများတော့ ဘိလပ်မြေဈေးတွေလည်း တက်သွားပါတယ်။ အရင်နှစ်က ဒီအချိန် ကျပ် ၃၀၀၀ ခန့်ရှိခဲ့တဲ့ ဆင်တံဆိပ်တွေ အခု ကျပ် ၄၅၀၀ ဖြစ်နေပါတယ်။ ပြည်တွင်းကို အဆင်း များ နေတာကတော့ ပြည်တွင်းက ဘိလပ်မြေတွေ အရည်အသွေး မနိမ့်ပေမဲ့ ဈေးပိုမြင့်တာကြောင့် ထိုင်းဘိလပ်မြေကိုပဲ အသုံးများပါတယ်" ဟု မြ၀တီမြို့မှ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူ တစ်ဦးက ဆိုသည်။
ယခင်နှစ် မတ်လ၊ ဧပြီလတို့တွင် လျှပ်စစ်ကြောင့် မြိုင်ကလေး ဘိလပ်မြစက်ရုံ ယာယီရပ်ဆိုင်းထားစဉ်က (ယာဉ်တန်းအ ဆင်းနေ့တိုင်း) တန် ၄၀၀ ကျော် တင်သွင်းခဲ့ရသည့် ကာလနည်းတူ ယခုလတွင် မြ၀တီနယ်စပ်မှတစ်ဆင့် မြန်မာနိုင် ငံ ဒေသအနှံ့အပြားသို့ တင်သွင်းရာတွင် အနီးစပ်ဆုံး အောက်တိုဘာလထက် ၂၀၄၃ ဒသမ ၄၁ တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ ကုန်သွယ်မှု အနေဖြင့် ယခင်ဇွန်လတွင် ၆၁၃၄ ဒသမ ၃၆ တန်ကုန်သွယ်နိုင်ခဲ့၍ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ သန်း ၀ ဒသမ ၅၁၇ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း ဇူလိုင်လတွင် ၂၇၄၄ ဒသမ ၅ တန် တန်ဖိုးအားဖြင့် ၀ ဒသမ ၂၃၃ သန်း၊ သြဂုတ်လတွင် ၂၄၇၈ ဒသမ ၆ တန် ကုန်သွယ်နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၀ ဒသမ ၂၀၇ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့သော်လည်း ဘဏ္ဍာနှစ်ဝက် ကျော်လာသည့်နောက် အောက် တိုဘာလတွင် ပြည်တွင်းဈေးကွက်သို့ ၃၈၃၆ ဒသမ ၅၉ တန် တင်သွင်းခဲ့၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၉၄ သန်းရှိကြောင်း၊ နိုဝင်ဘာလတွင် ၅၈၈၀ တန်တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၀ ဒသမ ၄၈၄၇ ရှိကြောင်း သိရသည်။
"နွေပွင့်လင်းရာသီ ဆောက်လုပ်ရေးရာသီ ရောက်လာတဲ့အတွက် ဘိလပ်မြေဈေး အနည်းငယ် မြင့်တက်ခဲ့ပါတယ်။၊ ထိုင်းကုမ္ပဏီတွေ အနေနဲ့ သိသိသာသာ ဈေးမြင့်တက်မှု မရှိပေမဲ့ ဈေးကွက်လိုအပ်ချက်အရ မဲဆောက်ကုန် သည်တွေ ဈေးမြှင့်လိုက်တာပါ" ဟု မြ၀တီနယ်စပ်မှ ဘိလပ်မြေတင်သွင်းသည့် ကုန်သည်တစ်ဦးက ပြောကြားသည်။
မြ၀တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရားဝင် ဘိလပ်မြေတင်သွင်းမှု မြင့်တက်လာသော်လည်း ကုန်ကျစ ရိတ် မြင့်မား သည့်အတွက် ချစ်ကြည်ရေးတံတားမှ အနည်းငယ်သာ ၀င်ရောက်လာခြင်းရှိပြီး အများစုမှာ နယ်စပ်ဖြတ်ကျော် လှေ ဂိတ်များမှတစ်ဆင့် ၀င်ရောက်လာခဲ့ကာ ကုန်သွယ်ရေးစခန်း၌ အခွန်ဆောင်ပြီး ပြည်တွင်းဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
EMG
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment