ဒီကေဘီအေ ကုန်သွယ်ရေးရုံး ရန်ကုန်တိုင်းအတွင်းဖွင့်

12.12.2013
နိုင်ငံတော်၏ ငြိမ်းချမ်းရေးလမ်းစဉ်အား အတိအကျယုံကြည်မှု တည်ဆောက်မှုအပေါ်
အခြေခိုင်လာစေရန်အတွက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်
ယခင်ကလိုထူးဘောစစ်ဌာနချုပ် ကလိုထူးဝါး လက်အောက်ခံ
(၉၀၇)တပ်ရင်း ၏ကုန်သွယ်ရေးရုံးကို
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် စံပယ်လမ်း၊
အမှတ်-၂၅၀/၂၆၁ ၌ ပထမဆုံး ရုံးစိုက်ရာနေရာအဖြစ် ဒီဇင်ဘာ ၈ ရက် နံနက် ၁၁
နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ (၉၀၇)တပ်ရင်း၏ ဆက်ဆံရေးတာဝန်ခံ တပ်မှူးစောသရဲမိုး(ခ)စောဆန်းလင်းက " အခုလိုရန် ကုန် မှာ ကုန် သွယ်ရေးရုံးဖွင့်ရတယ်ဆိုတာ က
ကုန်သွယ်ဖို့ အပြင် ကျွန်တော်တို့တပ်ရင်းက ရှိတဲ့သူတွေ မြို့ထဲရောက် လာရင်
တည်းခိုခန်းတို့ဟိုတယ်တို့မှာတည်းရင်
နည်းနည်း အခက်အခဲရှိ တယ်။ ဟိုတယ်မှာတည်းရင်လည်း စရိတ် ကကြီးတယ်လေ။
ဒီရုံးမှာပဲဆိုရင် ငါးပိရည်တို့စရာလေး ရှိရင်လုံလောက်ပြီလေ။အဲဒီအတွက်အဆင်ပြေအောင်
ပါ။ အခုဆီးဂိမ်းကာလမှာလည်း လာပြီးကြည့်ချင်ကြတဲ့ ကျွန်တော်တို့ထဲက
သူတွေလည်း အဆင်ပြေနိုင်မှာပါ။ ဒီမှာတည်းခိုကြရင် တာဝန်ရှိသူတွေကို
အကြောင်းကြား သွားမှာပါ " ဟု ၎င်းက ကုန်သွယ်ရေးရုံး ဖွင့်လှစ်ရခြင်းနှင့်
ပတ်သက်၍ ရှင်းပြသည်။
ငြိမ်းချမ်းရေးလမ်းစဉ်များကို ဆောင်ရွက်နေစဉ်
တပ်ဖွဲ့ဝင်အမည်ခံကာ မသမာသောလုပ်ဆောင်မှုများ အတွက်
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုသမ္မတ မြန်မာ
နိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအကြားနိုင်ငံရေးဆွေးနွေးမှုမှ တစ် ဆင့်တည် တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းရေးကို
အသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်းတို့ဖြင့်
ဦးတည်ဆောင်ရွက်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပထမဆုံးရုံးစိုက်
ရခြင်းမှာ နိုင်ငံတော် ငြိမ်းချမ်းရေးလမ်းစဉ်များအား အတိအကျ တည်ဆောက်မှုအပေါ်
ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းဒီကေဘီအေ ကုန်သွယ်ရေးရုံး (ရန်ကုန်) မှ ဒုတိယတာဝန်ခံ
စောကောထူး (ခ) စောအောင်ကျော်စွာက ပြောကြားသည်။
စံတော်ချိန်
No comments:
Post a Comment