8.12.2013
၎င်းင်းမုန်တိုင်းသည် ခန့်မှန်းချက်များအရ ဒီဇင်ဘာ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗဟိုလေတိုက်နှုန်း ၇၀ knots (၈၀ မိုင်နှုန်းခန့်)ထိ မြင့်မားလာပြီး မြောက်၊ အရှေ့မြောက်ဘက်သို့ စတင် ချိုးကွေ့မည်ဟု mmweather.com တွင် ဖော်ပြသတိပေး ထားသည်။
" ဒီဇင်ဘာ ၆ ရက် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းက အိန္ဒိယနိုင်ငံကို Chennai မြို့ရဲ့အရှေ့တောင်ဘက် ၃၁၅ မိုင်အကွာမှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းရဲ့ လက်ရှိအခြေအနေက နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းတို့ မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်း ကို တိုးဝင်နေရတဲ့အတွက် မုန်တိုင်းကိုထိန်းချုပ်နိုင်တဲ့  ဦးတည်ရာ လမ်းကြောင်းပျောက်နေတာရယ်၊ ပြီးတော့ အေးတဲ့ရေမျက်နှာပြင်ကို တိုးဝင်နေရတဲ့အတွက် မုန်တိုင်းက အားလျော့လာနိုင်တဲ့အတွက်ကြောင့် မုန်တိုင်းက နောက် ၄၈ နာရီအတွင်း မြောက်ဘက်ကို ဦးတည် ရွေ့လျားမှာဖြစ်တယ်။ အခုထိမြန်မာနိုင်ငံကို သက်ရောက်နိုင်မှု မရှိသေးပေမယ့် နောက်ပိုင်းပြောင်းလဲနိုင်တဲ့ အခြေအနေတွေရှိတဲ့အတွက် မုန်တိုင်းသတင်းတွေကို အမြဲစောင့်ကြည့်နေဖို့ လိုတယ် " ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment