address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, December 23, 2013
ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံ အကြို NCCT ဆွေးနွေးပွဲ ရလာဒ်များ
23.12.2013
ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ဆွေးနွေးခဲ့သော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များ ပူးပေါင်း ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)၏ (၃)ရက်တာ ဆွေးနွေးပွဲ သည် ဒီဇင်ဘာ (၂၀) ရက်နေ့ တွင်ပြီးဆုံး သွားခဲ့ကြောင်း ဒုတိယအဖွဲ့ေ ခါင်းဆောင် တဦးဖြစ်သူ ပဒိုစော ကွယ်ထူးဝင်း ကဆိုပါ သည်။
“လက်နက်ကိုင် တိုင်းရင်း သားတွေရဲ့ အမြင်ကို စုစည်းတယ်။ ဖိတ်ကြားရ မယ့်အဖွဲ့ တွေ၊ KNU ရဲ့သဘောထား တွေကို စုစည်းပြီး ဆွေးနွေးကြ တယ်။ ပြီးတော့ တိုင်းရင်းသား ညီလာခံနဲ့ တဆက် တစပ်ထဲဖြစ် တဲ့အစိုးရနဲ့ တွေ့ဆုံနိုင် ဖို့ကိစ္စတွေ ကိုေ ဆွးနွေးကြ တာပါ” ဟုဆိုပါ သည်။
လက်နက်ကိုင် တိုင်းရင်းသား များ၏ ဒုတိယ အကြိမ် ညီလာခံ သည်ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လေးဝါး(ခေါ်) လောခီးလာ စခန်းတွင် ကျင်းပ မည်ဖြစ် ပါသည်။ ကျင်းပမည့် အချိန်ကိုယခု အချိန်အထိ တိတိ ကျကျ မသတ်မှတ်နိုင် သေးဟု ဆိုပါသည်။
ညီလာခံသို့တင်သွင်းမည့် NCCT ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘော တူချုပ်အချော မသတ်နိုင် သေးခြင်း၊ ညီလာခံပြီးပါက အစိုးရနှင့် တဆက်တစပ် တည်းတွေ့ဆုံ ဆွေးနွေး ရန်ရှိသည့် အတွက် အစိုးရနှင့် အချောသတ် မညှိနှိုင်း နိုင်သေးခြင်း ကြောင့် ဒုတိယအကြိမ် ညီလာခံကျင်းပ မည့်ရက်ကို မသတ် မှတ်နိုင် သေးခြင်းဖြစ်ေ ကြာင်း ပဒိုကွယ် ထူးဝင်းက ဆိုပါသည်။
NCCT သည်တပြည်လုံး အပစ်အခတ်ရပ် စဲရေးစာချုပ်ကို အစိုးရနှင့် အလွတ် သဘော ဆွေးနွေးညှိနှိုင်း နေခဲ့ပါသည်။ သဘော တူညီချက်ရနိုင်သည့် အခြေအနေ ထိညှိနှိုင်း သွားမည်ဖြစ် သည်။ ညှိနှိုင်း၍ အဆင်ပြေသော အခါ ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံသို့ တင်ပြသွားရန် စီစဉ်ထား ပါသည်။
ဤသို့ကြောင့် NCCT သည်ပြီးခဲ့သည့်ဒီဇင်ဘာ (၁၅)ရက်နေ့တွင် အစိုးရကိုယ် စားလှယ် များနှင့်ပထမ အကြိမ် ရန်ကုန်မြို့တွင် ညှိနှိုင်းခဲ့ပါသည်။ ရရှိထားသော ရ လာဒ်များ ကို NCCT အဖွဲ့တွင် ညှိနှိုင်းခဲ့ပြီး လိုအပ်ပါက အစိုးရအဖွဲ့နှင့် နောက်ထပ် တွေ့ဆုံဦး မည်ဖြစ်သည်။
ဤကဲ့သို့ NCCT မှညီလာခံသို့ တင်ပြရန် လိုအပ်သော အခြေအနေ များကိုပြင် ဆင်နေသည့် အတွက် ဒုတိယအကြိမ် ညီလာခံကျင်းပ ရက်ကို မသတ် မှတ်နိုင် သေးခြင်း ဖြစ်ပါသည်။ ဤသို့သော အခြေအနေ များကြောင့် အိမ်ရှင် အဖြစ် ကျင်းပရန် တာဝန်ရှိသည့် KNU သည် ဖိတ်ကြားသင့် သောကိုယ်စား လှယ်များကို ယနေ့အထိ မဖိတ်ကြား နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဝပြည်သွေး စည်းညီညွတ်ရေး ပါတီ (UWSP)သည် ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံ သို့တက်ရောက်နိုင် သည့်အလား အလာ ရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အတွင်း ရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာမှ ဆိုပါသည်။ အလားတူ KNU သည် (UWSP) အပါဝင် လက်နက်ကိုင် တိုင်းသား ကိုယ်စား လှယ်များအား ဖိတ်ကြားရန် ရှိကြောင်း၊ ထိုအထဲ တွင် (UWSP) လည်းတက်ရောက် နိုင်လိမ့် မည်ဟု ယုံ ကြည်ကြောင်း၊ ညီလာခံရက်သတ် မှတ်နိုင်သေးခြင်း မရှိသေးသည့် အတွက်ကြောင့် ဖိတ်ကြားမှု နှောင့်နှေး နေ ရခြင်းဖြစ်ကြောင်း ပဒိုကွယ် ထူးဝင်း ကလည်း ဆိုပါသည်။
ထို့အပြင် NCCT သည်တပြည်လုံး အပစ်အခတ်ရပ် စဲရေးသဘောတူ ညီချက်စာချုပ် မူကြမ်းအား အစိုးရကိုယ်စား လှယ်များနှင့် သဘော တူညီချက် ရနိုင်ခြေရှိ သည် အထိအလွတ် သဘော ဆွေးနွေးပြီး ရရှိသော စာချုပ်မူကြမ်း ကိုလက်နက် ကိုင် တိုင်းရင်း သားတို့ ၏ဒုတိယ အကြိမ်ညီလာခံ သို့တင်ပြနိုင် ရန်ကြိုး စား နေခြင်းဖြစ်သော ကြောင့် အချိန်ကြန့် ကြာမှုဖြစ် ရကြောင်း NCCT တာဝန်ခံ နိုင်ဟံသာက ဆိုပါသည်။
ပထမအကြိမ် လက်နက်ကိုင် တိုင်းရင်းသား များညီလာခံ ကိုပြီးခဲ့သည့် အောက်တိုဘာ (၃၁)ရက်နေ့မှ နိုဝင်ဘာ (၂)ရက်နေ့ အထိကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာန ချုပ်ဖြစ်သော လိုင်ဇာမြို့ တွင်တိုင်းရင်း သား လက်နက်ကိုင် (၁၆)ဖွဲ့မှ ကိုယ်စားလှယ် များဖြင့် သမိုင်းဝင် ကျင်းပခဲ့ ပါသည်။ ယင်းညီ လာခံမှ (NCCT) ဖြစ်သည့် တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ကို ဖွဲ့စည်းပေး ခဲ့ပါသည်။
ဤအဖွဲ့သည်အစိုးရနှင့်တပြည်လုံး အပစ်အခတ်ရပ် စဲရေးစာချုပ် လက်မှတ် ထိုးနိုင်ရန်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အား လုံးပါဝင် လာရေး အတွက်လို အပ်သောပြင် ဆင်မှုများ ကို ဆောင်ရွက်နိုင် ရန်တာဝန် ပေးထားခဲ့ပါသည်။ အဖွဲ့ တာဝန်ခံ သည် (UNFC)အ ထွေထွေ အတွင်းရေး မှူး နိုင်ဟံသာဖြစ်ပြီး ဒုတိယ တာဝန်ခံနှစ် ဦးဖြစ်သော ဗိုလ်ချုပ် ဂွမ်မော် (KIA) နှင့်ပဒို ကွယ်ထူးဝင်း (KNU) တို့ဖြင့် စုဖွဲ့ထား ပါသည်။
အဖွဲ့ဝင်များ အဖြစ်လက်နက် ကိုင်တိုင်းရင်း သားအဖွဲ့ အားလုံးမှကိုယ်စားလှယ် တဦးကျစီ ထည့်သွင်းထား သည့်မူဖြင့် အကောင်အထည်ဖေါ်လျှက်ရှိပါသည်။
Jade Land
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment