ထိုင်းဘုရင်၏ မြေးတော်မင်းသမီး Sirivannavari Nariratana သည် ရွှေမှန်းနိုင်သည့် အနေအထား ရှိကြောင်း
13.12.2013
ဆီးဂိမ်းမြင်း အလှ စီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်
ထိုင်းဘုရင်၏ မြေးတော်မင်းသမီး Sirivannavari Nariratana သည်
ရွှေမှန်းနိုင်သည့် အနေအထား ရှိကြောင်း မြန်မာနိုင်ငံမြင်း စီး
အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်း ရေးမှူး ဦးသန်းဝင်းက ခန့်မှန်း ပြောသည်။
”ဒီပြိုင်ပွဲ အတွက် သူကောင်းကောင်း လေ့ ကျင့်ထားတယ်။ သြစတြေးလျ မှာတောင်
သွားပြီးလေ့ကျင့် တာပါ။ ဒါကြောင့် သူကောင်း ကောင်းစီးနိုင်မှာပါ”ဟု ၄င်း
ကပြော သည်။
ထိုင်း ဘုရင့်မြေးတော်သည် ဆီးဂိမ်း မြင်းစီး ပြိုင်ပွဲ
အလှစီးပြိုင်ပွဲတွင် ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို ယခုလ
၁၃ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။
ထိုင်း ဘုရင့်မြေးတော်သည် မြင်း
စီး အားကစားအား အထူးခုံမင်နှစ် သက် သူဖြစ်ပြီး ထိုင်းနိုင်ငံ
တွင်မြင်းစီးကလပ် များပင် ဖွင့်လှစ်ထားကြောင်းသိရသည်။
ထိုင်း
ဘုရင့်မြေးတော် သည် ၂၆ကြိမ် မြောက် အင်ဒိုနီးရှားနိုင်ငံ ၌ ကျင်းပ သော
ဆီးဂိမ်းတွင်မူ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ လေ့လာမှုသာ
ပြုလုပ်ခဲ့ကြောင်း သိရ သည်။
popularmyanmar.com
No comments:
Post a Comment