address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 3, 2014

မိုင်းဖြတ်မြို့နယ်၊ နမ့်ဝိုးထောင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်နဝါရီ ၂ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က
လူနေအိမ်ခြေများ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အဆိုပါ ကျေးရွာနေ ဦးလော်တား၏သားဖြစ်သူ မောင်ကျမူး (၃) နှစ်သားက မီးခြစ်ဖြင့် သက်ကယ်ပုံ မီးရှို့ ဆော့ကစားရာမှ မီးကူးစက်ကာ လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင် ရာများနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၅ နာရီခွဲတွင် မီးညွန့် ကျိုးသွား ခဲ့သည်။ ယင်းကျေးရွာတွင် လူနေအိမ်ခြေ (၃၆) အိမ် နေထိုင်လျက်ရှိကာ မီးလောင် ကျွမ်းမှုကြောင့် ပျဉ်ကာ၊ သွပ်မိုး (၆) အိမ်၊ ပျဉ်ကာ၊ သက်ကယ်မိုး (၁၃)အိမ်၊ ဝါးကာသက်ကယ်မိုး (၄) အိမ် စုစုပေါင်း (၂၃)အိမ် မီးလောင်ကျွမ်းခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ခန့်မှန်းငွေကျပ် ၇၁ သိန်းကျော်ဖြစ်သည်။ ဒဏ်ရာရသူ အနည်းငယ်ရှိပြီး သေးဆုံးသူမရှိကြောင်းနှင့် မီးဘေးသင့်ကျေးရွာနေ ပြည်သူများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲ တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီပေး လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment