Thursday, February 6, 2014

လော်ခီးလာသဘောတူညီချက် ညှိနှိုင်းရန်ကျန်ရှိပါကပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်မှဆက်လက်ညှိနှိုင်းမည်


6.2.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်တို့ ဆွေးနွေးခဲ့သော လော်ခီးလာညီလာခံသဘောတူညီချက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဘက်မှ လေ့လာသုံးသပ်မှု များရှိနေပြီး ဆွေးနွေးရန်ကျန်ရှိပါက ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦး က ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် ယခုလဝက်ခန့်တွင် တွေ့ဆုံမည်ဆိုသော ကနဦးသတင်းများ ထွက်ရှိ နေသော်လည်း တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်များရှိနေခြင်း ကြောင့် ရက်တိတိကျကျ သတ်မှတ်ထားခြင်းမရှိသေးကြောင်း ၄င်းကဆိုသည်။

''ရက်ကတော့ မသေချာသေးဘူး။ တွေ့ဖို့တော့ရှိတယ်။ ညှိလို့မပြီး သေးဘူး။ လော်ခီးလာပြီးတာလဲ ရက်ပိုင်းပဲရှိသေးတယ်။ လော်ခီးလာ မှာပါတဲ့အချက်တွေကို ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြန်လုပ်နေတာ။ ရှင်းရှင်းလင်းလင်းဖြစ်သွားပြီဆိုရင် ဘယ်အချက်တွေ ညှိဖို့ကျန်လဲ။ ညှိဖို့ကျန်တဲ့အချက်တွေကို ညှိရမှာပေါ့။ ပြီးတော့မှ ကျွန်တော်တို့က ဘားအံဆွေးနွေးပွဲကို သွားကြမှာ။ ပြီးခဲ့တဲ့ ၃၁ ရက်က ကရင်တော်လှန်ရေးနေ့၊ ၇ ရက်က ရှမ်းအမျိုးသားနေ့၊ ၁၅ရက်နေ့ဆို ရင်လဲ မွန်အမျိုးသားနေ့လေ။ ဘားအံဆွေးနွေးပွဲရက်ကို သတ်မှတ်ပြီးရင် အားလုံးကို ကြေညာပေးမှာပါ''ဟု ဒေါက်တာမင်းဇော်ဦးကဆိုသည်။

The Union Daily

No comments:

Post a Comment