address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, February 5, 2014

မြန်မာ-မလေးဒုက္ခသည်ပြဿနာ နိုင်ငံခြားရေး ဝန်ကြီးဌာန အချင်းချင်းဖြေရှင်းရန် မလေးရှားစီစဉ်


5.2.2014

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနသည် မြန်မာအစိုးရမှ ပြန် လည်လက်ခံခြင်းမရှိသော မြန်မာ ဒုက္ခသည်များနှင့်ပတ်သက်သည့်
ပြဿနာများကို နိုင်ငံခြားရေးဝန် ကြီးဌာနအချင်းချင်း ညှိနှိုင်းဖြေ ရှင်းရန် ရည်ရွယ်နေသည်ဟု Bernama သတင်းဌာနက ယနေ့ ဖော်ပြသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ အထွေထွေဒါရိုက်တာတစ် ဦးဖြစ်သော ဒါတက်အေလီရက်စ် က''မြန်မာနိုင်ငံကလာတယ်လို့ ယူဆရသလိုမြန်မာစကားလဲပြော တတ်တဲ့ဒုက္ခသည်တွေ မလေးရှား နိုင်ငံမှာ အများအပြားရှိပါတယ်။ ဒါပေမယ့်သူတို့ဟာ မြန်မာအစိုးရ က နိုင်ငံသားအဖြစ် အသိအမှတ် ပြုတဲ့သက်သေတစ်စုံတစ်ရာ မရှိ တာကြောင့် မြန်မာနိုင်ငံကိုလဲ ပြန် လို့မရဘူး။ ပုံမှန်အတိုင်းဆိုရင် မလေးရှားနိုင်ငံမှာ နေထိုင်ခွင့်လဲ သူတို့မှာမရှိတာကြောင့် ပြည်နှင် ဒဏ်ပေးလေ့ရှိပါတယ်။ ပြည်နှင် ဒဏ်ပေးတယ်ဆိုတဲ့နေရာမှာလဲ ခရီးသွားလာခွင့်ဆိုင်ရာ ပြဿနာ တွေကြောင့် ပုံမှန်ခုနစ်ရက်ပဲ နေ ထိုင်ခွင့်ပေးပေမယ့် အဲဒီအချိန် လောက်နဲ့ ပြည်နှင်ဒဏ်လုပ်ငန်း စဉ်အားလုံး ပြီးဆုံးအောင်ဆောင် ရွက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရက လက်မခံပေမယ့် မြန်မာဒုက္ခသည်တွေလို့ သတ်မှတ် နိုင်တဲ့သူတွေနဲ့ ပတ်သက်တဲ့ပြဿ နာတွေကို နိုင်ငံခြားရေးဝန်ကြီး အချင်းချင်း ညှိနှိုင်းအဖြေရှာဖို့ ကြိုး စားနေပါတယ်''ဟု ပြောသည်။

The Union Daily

No comments:

Post a Comment