Wednesday, February 5, 2014

နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပထမဆုံးအကြိမ် လာရောက်လေ့လာ


5.2.2014

နိုင်ငံတကာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (အိတ်ခ်ျအာရ်းဒဗလျူ)က မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် လာရောက်လေ့လာပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ၈၈ အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဇော်မင်း က ပြောသည်။

(အိတ်ခ်ျအာရ်းဒဗလျူ)သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကာ ထိုသို့လေ့လာရာ တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် အခြေခံအကျ ဆုံး တရားဥပဒေစိုးမိုးရေး၌ အားအနည်းဆုံးဖြစ်နေသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်နေရ ကြောင်းကို အဓိကထား ဆွေးနွေးခဲ့သည်ဟုလည်း ဦးဇော်မင်းက ဆိုသည်။

၎င်းက “မြန်မာနိုင်ငံမှာ ဥပဒေက တစ်မျိုး၊ လုပ်နေတာက တစ်မျိုး ဖြစ်နေတယ်။ လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စတွေမှာ ရပိုင်ခွင့်တွေဆုံးရှုံးနေပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေတယ်။ ဖြေရှင်း ရမယ့်ကိစ္စတွေလည်း အများကြီးရှိနေသေးတာပေါ့။ ဒါနဲ့ပတ်သက်လို့ (အိတ်ခ်ျအာရ်းဒဗလျူ) ကလည်း သဘောတူတယ်”ဟု ပြောသည်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် (အိတ်ခ်ျအာရ်းဒဗလျူ)အဖွဲ့နှင့် ၈၈ အဖွဲ့တို့ တွေ့ဆုံ ပြီးနောက် ဦးဇော်မင်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ (အိတ်ခ်ျအာရ်းဒဗလျူ)သည် ကဏ္ဍအလိုက် လေ့လာမှုများပြုလုပ်နေပြီး လေ့လာမှုများပြီးပါက ထုတ်ပြန်ချက်ထုတ်မည်ဖြစ်ကာ အစိုးရနှင့်ဆက်လက် ဆွေးနွေးသွားမည်ဟု ၎င်းအဖွဲ့က ပြောကြားသည်ဟု ဦးဇော်မင်းက ဆိုသည်။

(အိတ်ခ်ျအာရ်းဒဗလျူ)သည် နိုင်ငံပေါင်း ၉၀ သို့ သွားရောက်လေ့လာခဲ့သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယင်းအဖွဲ့၏ မှတ်ချက်များသည် သက်ဆိုင်ရာ အပိုင်းကဏ္ဍအပေါ်တွင် ထိရောက်သည့် သက်ရောက်မှုရှိသည်။ ယင်းအဖွဲ့သည် လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ လူ့အခွင့်အရေး တိုးတက် မှုကို လေ့လာစောင့်ကြည့်ကာ နိုင်ငံတကာတွင် တစ်နှစ်တစ်ခါ အစီရင်ခံစာ ထုတ်ပြန်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် ယင်းအဖွဲ့သည် ယခုလက်ရှိတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၊ ၈၈ မျိုးဆက်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Mizzima

No comments:

Post a Comment