address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 6, 2014

အပစ်ရပ်မူကြမ်း ညှိနှိုင်းမည့် ဘားအံဆွေးနွေးပွဲ မတ်လသို့ရွှေ့ဆိုင်း




6.2.2014

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နှင့် အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေး စင်တာ MPC မှ ကိုယ်စားလှယ်များ တိုင်းရင်းသားတို့ အတည်ပြုထားသည့် အပစ်ရပ်ရေးမူကြမ်းအတွက် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဘားအံမြို့၌ တွေ့ဆုံရန် စီစဉ်ထားခြင်းကို မတ်လအထိ ထပ်မံရွှေ့ ဆိုင်းလိုက်သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

“အတိအကျတော့ မပြောတတ်ပေမယ့် ဒီဖေဖော်ဝါရီလမှာတော့ ဖြစ်နိုင်မှာတော့ မဟုတ်ဘူး”ဟု NCCT အဖွဲ့ခေါင်းဆောင်(၁) ဖဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်ကလည်း “ဘားအံပွဲမတိုင်ခင်မှာ ကျွန် တော်တို့ ရန်ကုန်မှာ တွေ့ဆုံပြီး မူကြမ်းနှစ်ခုကို ညှိနှိုင်းဖို့ကိစ္စ ရှိပါသေးတယ်။ အဲဒါကြောင့် နောက်ဆုတ် ရပါတယ်၊ ပြဿနာတော့ ဘာမှမရှိပါဘူး”ဟု ပြောသည်။

ဘားအံတွင်တွေ့ဆုံရန်ရှိသည့် တွေ့ဆုံပွဲသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တိုင်း ရင်းသားများဘက်မှ တင်ပြတောင်းဆိုချက်များနှင့် အစိုးရတို့အကြား အကျေအလည် ညှိနှိုင်းပြီးနောက် နှစ်ဖက် သဘောတူညီမှုရရှိစေရန် ရည်ရွယ်သည်ဟုလည်း NCCT အဖွဲ့ခေါင်းဆောင်(၁) ဖဒိုကွယ်ထူး ၀င်းက ပြောသည်။

“ကျွန်တော်တို့ ရည်ရွယ်ထားတာကတော့ ဒီဘားအံပွဲကတော့ပေါ့နော်။ မူကြမ်းတွေအပေါ် နှစ်ဖက်စလုံး သဘောတူညီမှု အတိုင်းအတာတစ်ခုအထိ ရရမယ်လေ။ နောက်ဆုံး သဘောတူညီမှု ညှိနှိုင်းအတည်ပြု ပြီး နောက်တစ်ကြိမ်ကျရင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အထိကို ဖြစ်စေချင် တာပေါ့နော်၊ ဒါပေမဲ့လို့ ကံသေကံမတော့ ပြောလို့မရသေးဘူးပေါ့”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ဘားအံဆွေးနွေးပွဲသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား နားလည်မှုရနိုင် သည့် တန်ဖိုးရှိသည့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟုလည်း NCCT အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာက ပြောသည်။

“ဘားအံမှာတွေ့ကြတဲ့အခါ တန်ဖိုးရှိရှိနဲ့ ဒီအပစ်ရပ်မူကြမ်းအပေါ်မှာ နှစ်ဖက် အနီးစပ်ဆုံးအမြင်တွေ ရရှိ နိုင်ဖို့ ပြင်ဆင်ညှိနှိုင်းနိုင်ဖို့ အဲလိုရည်ရွယ်ပြီး ရွှေ့ထားတယ်၊ တရားဝင်ပွဲတွေထဲမှာတော့ နှစ်ဖက်စလုံးက ညှိနှိုင်းရခက်တဲ့ အနေအထားမျိုးရှိတဲ့အရာကို အလွတ်သဘောတွေ့တဲ့နေရာမှာ အကျေအလည်ညှိနှိုင်း ကြဖို့ပေါ့”ဟု နိုင်ဟံသာက ပြောသည်။

အကယ်၍ အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ဒုတိယအကြိမ် လော်ခီးလာညီလာခံ၌ ချမှတ်သဘောတူထားကြသည့် အပစ်ရပ်ရေးမူကြမ်းအပေါ် သဘောတူနိုင်မည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ရန် ရှိနေ သည်။ မူကြမ်းအပေါ် နှစ်ဖက်အမြင် နီးစပ်မှုမရှိပါက ထပ်မံညှိနှိုင်းကြရဦးမည်ဖြစ်ကာ ကြန့်ကြာနိုင်သည် ဟု နိုင်ဟံသာက ပြောသည်။

လော်ခီးလာညီလာခံတွင် တင်ပြထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးမူဘောင်ရေး ဆွဲရေးနှင့် ထိုမူဘောင်ရေးဆွဲပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဆက်လက်ဆွေးနွေးရန်အချက်များ ပါဝင်နိုင် သည်ဟုလည်း နိုင်ဟံသာက ပြောသည်။

ဘားအံဆွေးနွေးပွဲမတိုင်ခင် NCCT အဖွဲ့ဝင်များနှင့် MPC ကိုယ်စားလှယ်တို့အကြား ရန်ကုန်မြို့၌ လာ မည့် ဖေဖော်ဝါရီ ၂၀ ရက်ဝန်းကျင်တွင် အလွတ်သဘောတွေ့ဆုံနိုင်ရန် နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်သည်။

ရန်ကုန် အလွတ်သဘောတွေ့ဆုံပွဲတွင် NCCT အဖွဲ့ကို ပဒိုကွယ်ထူးဝင်းမှ ဦးဆောင်မည်ဖြစ်ကာ ကနဦး ၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် တွေ့နိုင်ရန် စီစဉ်ထားသော်လည်း ဖဒိုကွယ်ထူးဝင်း၏ နိုင်ငံခြားခရီးစဉ်တစ် ခုနှင့် တိုက်ဆိုင်နေသဖြင့် ၂၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလများအတွင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ တော်လှန်ရေးနေ့အ ခမ်းအနားနှင့် အမျိုးသားနေ့အခမ်းအနားများ ကျင်းပကြသည့် ရက်များနှင့် တိုက်ဆိုင်နေသည်ကလည်း ဘားအံတွေ့ဆုံပွဲကို ထပ်မံ၍ရွှေ့ဆိုင်းရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ဦးညိုအုန်းမြင့်က ပြောသည်။

Mizzima

No comments:

Post a Comment