6.2.2014
“ပညာသင်ကျောင်းတွေမှာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသူကျောင်းသားတွေဆီ က အကြောင်းအကျိုးမဆီလျော်တဲ့ ငွေတောင်းခံခြင်း ပြုလုပ်တာ၊ ငွေရေးကြေးရေးအရှုပ်တွေကို လုပ် ဆောင်နေတယ်ဆိုရင် တိကျစွာ တိုင်ကြားပေးရန် ၀န်ထမ်းကျင့်ဝတ်နည်းဥပဒေထဲကအတို င်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အဆင့်မြင့်အရာရှိက ပြောသည်။
ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအကြား မလိုလားအပ်သော အထင်မြင်လွဲ မှားမှုများ မဖြစ်ပေါ်စေရန်၊ အကြောင်းအရင်းတစ်ခုကြောင့် ပညာရေးဝန်ထမ်းများအပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်နှင့် တိုင်ကြားလျှင် အရေးယူသည်ဆိုသည်ကို သိရှိစေရန် ရည်ရွယ်ကာ ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
အရေးယူရာတွင် အကြောင်းအရာ၊ ငွေပမာဏအလိုက် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဆရာ၊ ဆရာမများအား မည်သည့်အခကြေးငွေပိုင်းဆိုင်ရာကိုမျှ မိမိတို့သဘောဖြင့် ကောက်ခံ ခြင်းမပြုရန်လည်း မှာကြားထားကြောင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ ပြစ်ဒဏ်ပိုင်းဆိုင်ရာများကိုလည်း သိရှိ ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
“ဆရာ၊ ဆရာမတွေကို တိကျစွာ တိုင်ကြားမှုလုပ်လာခဲ့ရင် ၀န်ထမ်းကျင့်ဝတ်ဥပဒေအတိုင်း အလုပ်ထုတ် တာ၊ ကျောင်းပညာသင်ကြားခွင့် လုံးဝမရှိတော့အောင် လုပ်ဆောင်တာမျိုးအထိ အပြစ်ပေးလို့ရပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ တိကျစွာတိုင်ကြားခြင်းမရှိတဲ့အတွက် လုံးဝသင်ကြားခွင့်မရှိတော့အောင် အပြစ် ပေးတာမျိုးတော့ မရှိသေးပါဘူး”ဟု တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာကုန်အထိ ကျောင်းသူကျောင်းသားဦးရေ ဆယ်သိန်းဝန်းကျင်ရှိ ကာ ဆရာ၊ ဆရာမအင်အားမှာ လက်ရှိ ပညာသင်ကြားနေသူ ၃၅၀၉၂ ဦး၊ နိုင်ငံတော်မှ မန္တလေးတိုင်း အတွင်း ကြားခွင့်ပြုထားသည့် အရေအတွက်မှာ ၃၆၈၇၅ ဦးရှိသည်ဟု တိုင်းပညာရေးမှူးရုံး၏ စာရင်းများ အရ သိရသည်။
Mizzima
No comments:
Post a Comment