address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 6, 2014

မြန်မာလူဦးရေ ထက်ဝက်ခန့် တယ်လီနော ဝန်ဆောင်မှု စသည်နှင့် ဖုန်းစတင်သုံးနိုင်မည်ဟုဆို



6.2.2014

တယ်လီနောကုမ္ပဏီ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ချိန်တွင် လူတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန် ဆင်းမ်ကတ် အရေအတွက် သန်း ၃၀ အထိ တစ်ပြိုင်တည်း ရောင်းချနိုင်ရန် စီစဉ်ထားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့်သည် တယ်လီနော ဝန်ဆောင်မှု စတင်သည်နှင့် မိုဘိုင်းလ်ဖုန်းများ စတင်သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg ၏ အဆိုအရ သိရသည်။
“လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ သန်း ၃၀ အထိ ဆင်းမ်ကတ်တွေကို အဆင်သင့် ဖြစ်အောင် လုပ်ထားပါမယ်။ လိုချင်တဲ့သူတွေ လိုသလောက် ရအောင်ပါ” ဟု ၎င်းကဆိုသည်။

ပထမငါးနှစ်အတွင်း အရောင်းဌာန ၇၀,၀၀၀ နှင့် လက်ခွဲဆိုင်ပေါင်း ၉၅,၀၀၀ ဖွင့်လှစ်ပြီး မိုဘိုင်းလ် ငွေပေးချေမှုများ၊ ကျန်းမာရေး ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး ကဏ္ဍများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

တယ်လီနော မြန်မာကုမ္ပဏီ အနေနှင့် ဆင်းမ်ကတ် တစ်ကတ်လျှင် တန်ဖိုးအများဆုံး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ထက် နည်းသောနှုန်းဖြင့် ဝန်ဆောင်မှု ပေးအပ်သွားမည် ဖြစ်ကြောင်း Mr. Petter Furberg က ဆိုသည်။

၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ် နံပါတ်များတွင် ဂဏန်းဆယ်လုံး ပါမည်ဖြစ်ကာ ၀၉၅ ဂဏန်းဖြင့် စဖွယ်ရှိပြီး မြန်မာ့ဆက်သွယ်ရေးနှင့် သဘောတူညီချက်အရ 2G နှင့် 3G ဝန်ဆောင်မှုများဖြင့် မြို့ကြီးများတွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်းလည်း တယ်လီနောက ထုတ်ပြန်ထားသည်။
“အလုံအလောက်ရအောင် သူတို့က လုပ်မှာပဲလေ။ များများရောင်းရလေ Call Charges တွေများများ ရလေပဲလေ။ သူတို့အတွက် ကိုက်တာပေါ့။ တကယ့်အကျိုးအမြတ်က ခေါ်ဆိုခက ရမှာလေ” ဟု မြန်မာ့ ဆက်သွယ်ရေးမှ အငြိမ်းစား အရာရှိဟောင်း ဦးသိန်းဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသာ တယ်လီဖုန်း သုံးစွဲနိုင်သေးပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားသည်။

The Voice Weekly

No comments:

Post a Comment