Friday, March 28, 2014

KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်




28.3.2014

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်ဟုသိရသည်။

ဖာပွန်ခရိုင်တာဝန်ရှိသူတဦးက အစိုးရ၀န်ထမ်းများကို ၎င်းတို့နယ်မြေအတွင်း ၀င်ရောက်ကာ သန်းခေါင်စာရင်းခေါက်ခံမည့် အစီအစဉ်နှင့်ပတ်သက်၍ ခွင့်ပြုမည့်သဘောထားမရှိဟု ယခုရက်ပိုင်းအတွင်းပြောဆိုခဲ့သည်။

KNU ဗဟိုက စေလွတ်သည့်စာရင်းကောက်ခံရေးနည်းပြများစာ ရင်းစစ်များကိုသာလက်ခံခွင့်ပြုမည်ဖြစ်ပြီး-သန်းခေါင်စာရင်းကောက်ခံမှုများကို ဗဟိုနှင့်သာဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမည်ဟုလည်း ဖြည့်စွက်ပြော ဆိုသည်။

လက်ရှိနိုင်ငံရေး အခြေအနေများအရ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်မှုမရိှသေးသည့် အနေအထားများတွင် အစိုးရ၀န်ထမ်းများကို မိမိတို့နယ်မြေအတွင်း ၀င်ရောက်ခွင့်ကန့်သတ်ရခြင်းဖြစ်သည်ဟုလည်း ခရိုင်တာဝန်ရှိသူတဦးက သီးသန့်ပြောဆိုသည်။

လက်ရှိအချိန်တွင်ဖာပွန်ခရိုင်အတွင်းသန်းခေါင်စာရင်းကောက်ခံရေးနှင့်ပတ်သက်၍ ညှိနှိုင်းနေသည့်အဆင့်သာရှိနေသေးသဖြင့် လုပ်ငန်းစဉ်များမှာ ဖြစ်နိုင်ခြေနည်းသွားပြီးဟုလည်း လေ့လာသူများကသုံးသပ်ပြောဆိုနေကြသည်။

မြန်မာတနိုင်ငံလုံးတွင် သန်းခေါင်စာရင်း ကောက်ယူမည့်ကာလမှာ ယခုလ ၃၀ ရက်နေ့မှ လာမည့်လ ၁၀ ရက်နေ့အထိဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမရှိသည့် နယ်မြေဒေသများတွင် သန်းခေါင်စာရင်း ကောက်ခံမည် မဟုတ်သည့်အကြောင်း ယခုရက်ပိုင်းအတွင်းကပြောဆိုခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူမည့်ရက် နီးကပ်လာပြီဖြစ်သော်လည်း KIO နှင့် KIAထိန်းချုပ်ဒေသများတွင်လည်း စာရင်းကောက်ခံရန်အတွက် ညှိနှိုင်းပြေလည်မှု မရရှိသေးဟုလည်း လ၀က၀န်ကြီးဌာန တာဝန်ရှိသူတဦးက ယခုလ ၁၄ ရက်နေ့က နေပြည်တော်တွင်ပြောဆိုသည်။.

မန်းမျိုးမြင့်(မီဒီယာ)

No comments:

Post a Comment