ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားကို ဂုဏ်ပြု၍ နိုင်ငံတကာ ငွေပေးချေကတ် Visa ကုမ္ပဏီနှင့် ပြည်တွင်းဘဏ်အချို့ ပူးပေါင်းကာ FIFA Visa Card များကို ထုတ်ဝေမည် ဖြစ်ကြောင်း
ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။
သမဝါယမဘဏ်နှင့် ဧရာဝတီဘဏ်တို့က မေလအတွင်းမှ စတင်၍ ကမ္ဘာ့ဖလား အထိမ်းအမှတ် Visa ကတ်များ ရောင်းချမည် ဖြစ်ပြီး အရေအတွက် ကန့်သတ် ထုတ်ဝေမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်များထံမှ သိရသည်။
သမဝါယမဘဏ်က ကမ္ဘာ့ဖလား အထိမ်းအမှတ် Visa ကတ်များကို မေလ ၆ ရက်နေ့မှ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သမဝါယမဘဏ် ဦးဆောင် ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပသော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း SEA Games အထိမ်းအမှတ် MPU ကတ်များကို ပြုလုပ်ခဲ့သည်။
The Voice
No comments:
Post a Comment