Monday, August 25, 2014

သိမ်းဆည်းခံလယ်မြေ ပြန်ရရေး ဘားအံမြို့တွင် ချီတက်ဆန္ဒပြ




25.8.2014

သိမ်းဆည်းခံရတဲ့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ ကျေးရွာပေါင်း ၉ ရွာက တောင်သူ ၁၀၀ ကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ၈၈ ကရင်မျိုးဆက်ကျောင်း သားအဖွဲ့ကနေ ဦးဆောင်ပြီး ရွာသားတွေနဲ့ အတူ ချီတက် ဆန္ဒပြခဲ့တာလို့ ဒီဆန္ဒပြပွဲကို လိုက် လံစောင့်ကြည့်နေ တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းဆေးအွာ က ပြောပါတယ်။

ဆန္ဒပြတဲ့ရွာတွေ ကတော့ တောင်သူကုန်း၊ လှာကမြင်၊ လှာကဒေါင် အပါအ၀င် ကျေးရွာ ၉ ရွာက တောင်သူတွေ ပါဝင်ပါတယ်။

ဆန္ဒပြပွဲကို မနက် ၉ နာရီလောက်မှာ မြို့လယ်ခေါင် နာရီစင်ကနေပြီး လွတ် လပ်ရေးကျောက် တိုင်ရှိရာ သီရိကွင်းအထိ ချီတက်ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြပွဲကို မြို့နယ် တာဝန်ရှိသူတွေက လာရောက် မေးမြန်း စစ်ဆေး ခဲ့ပြီးနောက် နေ့ခင်း ၁၁ နာရီခွဲလောက် လူစုခွဲခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲကို လိုက်ပါ သတင်းယူခဲ့တဲ့ သတင်းထောက် တဦးဖြစ်တဲ့ မန်းထက် ခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က လည်း ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစေးအွာက မြို့နယ် ထွေအုပ် နဲ့ တောင်သူတွေ ကိုခေါ်တွေ့ပြီး လယ်ယာမြေပြန်ရရှိရေး ကြန့်ကြာနိုင်ကြောင်း၊ လယ် ယာမြေပြန် ရရှိရေးအတွက် လုပ်ဆောင်ပးမယ်၊ ဆန္ဒထုတ်ဖော်မတွေ မလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဘားအံမြို့မှာ အရင်က လယ်မြေပြန်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပေမယ့် အခုလို ကြွေးကြော် ချီတက်ဆန္ဒပြတာဟာ ပထမဆုံး အကြိမ်ဖြစ် တယ်လို့ လည်း ဒေသ ခံတွေက ပြောပါတယ်။

DVB

No comments:

Post a Comment