Wednesday, September 17, 2014

IS အဖွဲ့နှင့်ပူးပေါင်းမည့်သူ ခုနစ်ဦးကို အင်ဒိုနီးရှားရဲများဖမ်းမိ




17.9.2014

အစ္စလာမ်နိုင်ငံ IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် စီစဉ်နေသည်ဟု သံသယရှိသူ ခုနစ်ဦးအား အင်ဒိုနီးရှားရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က အလယ်ပိုင်း ဆူလာဝေစီပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အဆိုပါ လူ ခုနစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသား သုံးဦးမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး ကျန်လေးဦးမှာ နိုင်ငံခြားသား များဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထား သည်။ နိုင်ငံခြားသား လေးဦး ကိုင်ဆောင်လာသည့် တူရီကီပတ်စ်ပို့များသည် လည်း အတုဖြစ်နိုင်ကြောင်း အထူးရဲတပ်ဖွဲ့က ဆိုသည်။

သံသယရှိ၍ဖမ်းဆီးထားသူများအနက် အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်သည် IS အစွန်းရောက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်။
ယခုအခါတွင် ဆီးရီးယားနှင့် အီရတ်ရှိ အစ္စလာမ်အစွန်းရောက် IS အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ ထွက်ခွာသွားသူ ၁၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားမီဒီယာများတွင် ဖော်ပြကြသည်။

IS အဖွဲ့နှင့် ပတ်သက်ခြင်း သို့မဟုတ် ထောက်ခံခြင်းများမပြုလုပ်ကြရန် အင်ဒိုနီးရှားနိုင်ငံ၌ တင်းကျပ်စွာတားမြစ်ထားကြောင်း သိရသည်။

Ref:NHK
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment