ABSDF နှင့် MPC ကိုယ်စားလှယ် တို့ ဘားအံ၌ တွေ့မည်

31-7-2013
မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ
ဦးအောင်မင်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည့် လာမည့် သြဂုတ်လ
(၄) ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံ ဆွေးနွေး မည်ဟု ယနေ့၌ ABSDF
မှ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။
၎င်းဆွေးနွေး ပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်
သင့်မြတ် ရေးကို ရှေူး ရှု ကြောင်းလည်း ဥက္ကဋ္ဌ ဖြစ်သူ ရဲဘော် သံခဲမှ ဆိုပါသည်။
“အဓိက အားဖြင့်တော့ ဗမာ့နိုင်ငံရေး ဖြစ်စဉ်တွေကို ပကတိ အတိုင်း ကြည့်တဲ့
အခါမှာ အဲဒီမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့
အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ အင်မတန်မှ လိုအပ်တဲ့ အချက် ဖြစ်တယ်၊
လက်နက်ကိုင် အဖွဲ့အစည်းတွေ ရရှိ ထားတဲ့ အပစ် အခတ် ရပ်စဲရေးဟာ ပဏာမ အဆင့်
ဆွေးနွေး ရမှာ ဖြစ်သလို၊ တစ်ဖက်မှာလည်း တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့
နိုင်ငံရေး ဆိုင်ရာ ဆွေးနွေး ပွဲကြီး ကိုလည်း ဆက်လက် ဆွေးနွေး သွားရမယ်” ဟု
ဥက္ကဋ္ဌ ကိုသံခဲမှ ပြောသည်။
အဓိက နိုင်ငံရေး ဆွေးနွေး နိုင်သည့်
လုပ်ငန်းစဉ်သို့ မရောက်မချင်း ပြည်တွင်းစစ် ကိုသော် လည်းကောင်း၊
တိုင်းရင်းသား တို့၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ပြသနာ ရပ်များ
ကိုသော် လည်းကောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် များကို
လည်းကောင်း အကောင် အထည် ဖော်နိုင်မည် မဟုတ် ဟုလည်း ၄င်းမှ သုံးသပ်
ပြောကြားသည်။
ABSDF ၏ ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ကို မကဒတ
အနောက်ပိုင်း၊ မြောက်ပိုင်း၊ ထိုင်းနိုင် ငံ အခြေစိုက် နယ်မြေ အသီးသီးမှ
ကိုယ်စားလှယ်များဖြင့် စုဖွဲ့ ထားပြီး (၃၅) ဦး ပါဝင်မည် ဖြစ် ကာ ဥက္ကဋ္ဌ
ရဲဘော် သံခဲမှ ဦးဆောင်မည် ဖြစ်သည်။
ထိုတွေ့ဆုံရန် ရှိသည့် ဘားအံ
ဆွေးနွေးပွဲ ရလာဒ် များကိုလည်း တိုင်းရင်းသား ပြည်သူလူထု တ ရပ် လုံးထံ
တင်ပြပေးသွားမည် ဖြစ်ကြောင်း ကြေငြာချက်၌ ဖော်ပြ ထားပါသည်။
ABSDF
နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ နောက်ဆုံး တွေ့ဆုံ
မှုကား ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဖြစ်ပြီး အဖွဲ့ဝင်
ငါးဦးပါ ABSDF ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း အဖွဲ့
ခေါင်းဆောင်သည့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ (Technical team) တို့
နှစ်ဘက် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ ကြသည်။
ထိုမတိုင်ခင် ABSDF
နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးအောင်မင်း
တို့သည် ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ၌ မဲဆောက်မြို့၌ တစ်ကြိမ်၊ နိုဝင်ဘာလ (၉)
ရက်နေ့၌ ချင်းမိုင်၌ တစ်ကြိမ် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။
ချင်းမိုင် မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပြီးနောက် ပြည်တွင်းသို့ ခရီးစဉ်
သွားရောက်ရန် ဦးအောင်မင်းမှ သဘောတူ ခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလ
(၁၈) ရက်နေ့တွင် ABSDF မှ ပြည်တွင်း ခရီးစဉ် သွားရောက် ခဲ့ကာ ဦးအောင်မင်း
အပါအဝင် ပြည်တွင်း နိုင်ငံရေး ပါတီ များ၊ အလွှာစုံမှ လူထုလူတန်းစား များနှင့်
သွားရောက် တွေ့ဆုံ ခဲ့ပြီးလည်း ဖြစ်သည်။
phophtawnews
No comments:
Post a Comment