ထိုင်းနိုင်ငံ ရနောင်းရှိ မြန်မာကလေးငယ်များ လူမှုဘ၀ တိုးတက်ရေး အကူအညီပေးမည်

31-7-2013
ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း
အလုပ်သမားများ၏ ကလေး ငယ်များအား ၎င်းတို့၏ လူမှုဘ၀ အခြေအနေ တိုးတက်ရေးအတွက်
လိုအပ်သော အကူအညီ များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရနောင်းရှိ
မြန်မာနိုင်ငံသားများသည်ငါးဖမ်းလှေ များနှင့် အထွေထွေ အလုပ်သမားများအဖြစ်
လုပ်ကိုင်နေကြရပြီး အဓမ္မ စေခိုင်းခံရခြင်းနှင့် ပြည့် တန်ဆာအဖြစ်
ရောင်းချခံရခြင်းများ ကြုံတွေ့နေရသည်။
ထိုင်းနိုင်ငံရှိ မြန်မာကလေးငယ်များအား ပညာသင်ကြားပေးခြင်း မရှိပါက
အမြတ်ထုတ် အသုံး ချမှုများ ခံရနိုင်ပြီး လူမှုရေး ပြဿနာများ
ကြုံတွေ့ရနိုင်ကြောင်း Ranong Primary Education Zone ၏ လက်ထောက်အကြီးအကဲ
Prarom Nakbumrung က ပြောကြားသည်။
"ထိုင်းနိုင်ငံသားတွေဟာ
ငါးဖမ်းတဲ့ လုပ်ငန်းမှာ မြန်မာနိုင်ငံသားတွေလို ပင်ပင်ပန်းပန်း
မလုပ် ချင်ကြပါဘူး။ ဒါ့ကြောင့် မြန်မာအလုပ်သမားတွေကို ပစ်ပယ်ထားလို့
မရပါဘူး။ ဒီတော့ သူတို့ ကလေးတွေအတွက် ဘ၀အာမခံချက်ရှိမယ့် တိုးတက်ရေး
လုပ်ငန်းတွေ လုပ်ဆောင်ပေးသင့်ပါ တယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ရနောင်းခရိုင်တွင် မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ထားသည့်
စာသင်ကျောင်းပေါင်း ၁၃ ကျောင်းရှိပြီး ကျောင်းသားပေါင်း ၃၀၀၀ မှ ၄၀၀၀ အထိ
တက်ရောက်နေကြသည်။ အဆို ပါ ကျောင်းများတွင် ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊
မြန်မာဘာသာစကားနှင့် သင်္ချာ၊ လူမှုသိပ္ပံ ဘာသာရပ်များအား အဓိက သင်ကြားပေးသည်။
Prarom က ထိုကျောင်း များ တွင် မြန်မာနိုင်ငံမှ သင်ရိုးများအား အခြေခံကာသင်ကြားပေးခြင်းဖြစ်ပြီးတက်ရောက်အောင်မြင် သူများ အနေဖြင့်ထိုင်းနိုင်ငံရှိတက္ကသိုလ်များတွင်ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက်
အောင် လက်မှတ်များ ထုတ်ပေးနိုင်ရန် Basic Education Commission နှင့်
ပူးပေါင်းကာ ဆောင် ရွက်နေကြောင်း ပြောကြားသည်။
ရနောင်းခရိုင်တွင်
တရားဝင်လူဦးရေ ၁၈၃၀၇၉ ဦးရှိပြီး တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား
၅၀၀၀၀ မှ ၈၀၀၀၀ ကြား ရှိနေသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် မွေးဖွားသည့်
မြန်မာနိုင်ငံသား ၁၀၀၀ ခန့် ရှိကြောင်း ရနောင်းခရိုင်
လက်ထောက်အုပ်ချုပ်ရေးမှူး Viroj Saengsivarith ၏ ပြောစကားအရ သိရသည်။
ရနောင်းခရိုင်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေ သည့်အပြင်
ရေကြောင်းမှတစ်ဆင့် အလွယ်တကူ ၀င်ရောက်နိုင်ခြင်းကြောင့်
မြန်မာနို င်ငံသား များ လူကုန်ကူးခံရမှု ဖြစ်ပွားလေ့ရှိသော နေရာတစ်ခုလည်း
ဖြစ်သည်။ အချို့သော ရွှေ့ပြောင်း အလုပ်သမားများသည် ပိုမိုကောင်းမွန်သော
အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် မိသားစုလိုက် ပြောင်းရွှေ့ကြသည်။
သို့သော် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ငွေကြေး ကျပ် တည်း ၍ ၎င်းတို့၏
သားသမီးများသည် စာသင်နိုင်ခြင်း မရှိဘဲ စားဝတ်နေရေးအတွက်
အလုပ် လုပ်ကိုင်ရလေ့ ရှိသည်။
Eleven Media Group
No comments:
Post a Comment