အစိုးရနှင့် ABSDF အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ရန်ကုန်သို့ရွှေ့

3.8.2013
ဘားအံမြို့တွင် ကျင်းပရန် စီစဉ်ထားသော အစိုးရနှင့် မြန်မာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့၏ ပြည်နယ် အဆင့်
အပစ်အခတ် ရပ်စဲရေး သဘောတူချက် လက်မှတ် ရေးထိုးမည့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ကျင်းပ မည်ဖြစ်ကြောင်း မြန်မာ
ငြိမ်းချမ်းရေး စင်တာမှအကြီးတန်းအကြံပေးတစ်ဦးက ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက သြဂုတ်လ ၎
ရက်နေ့တွင် ဘားအံ မြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း ကရင်ပြည်နယ်ရှိ ဒေသ
အချို့တွင် ရေးဘေး ဒုက္ခ ကြုံတွေ့နေသဖြင့် ရန်ကုန်မြို့ မြန်မာ
ငြိမ်းချမ်းရေး စင်တာ၌ သြဂုတ်လ ၅ ရက်နေ့တွင် လက်မှတ်
ရေးထိုးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။
“မြဝတီနဲ့ ဘားအံမှာ ရေကြီးနေလို့ MPC မှာပဲ ဆွေးနွေးပွဲ လုပ်တော့မယ်” ဟု ၎င်းက ဆိုသည်။
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို
ဦးတည်၍ ဆွေးနွေး ညှိနှိုင်း သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ ရလဒ်ကို ပြည်သူ
အားလုံးထံ ပြန်လည် တင်ပြမည် ဖြစ်ကြောင်း ABSDF ဗဟို ကော်မတီက ထုတ်ပြန်
ကြေညာထားသည်။
ABSDF နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း
ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် များ ၂၀၁၂ ခုနှစ်မှ စတင်ကာ
ငါးကြိမ်တိတိ အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ပြီးနောက်
ယင်းသို့ အပြီးသတ် သဘောတူ လက်မှတ် ရေးထိုးရန် သဘောတူ လိုက်ခြင်း
ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် လိုအပ်သည့် ဆွေးနွေး ညှိနိုင်းမှုများ
ဆက် လက် လုပ်ဆောင်နေပြီး မကြာမီ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်
ရပ်စဲရေး သဘော တူညီမှု လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း သမ္မတ
ဦးသိန်းစိန်က သြဂုတ်လ ၁ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ပြောကြားထားသည်။
The Voice Weekly
No comments:
Post a Comment