အီတာလျံ-ထိုင်း ကုမ္ပဏီ အနေဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်း-မြန်မာ အကျိုးတူ လုပ်ဆောင်မည့် မူဘောင်သဘောတူစာချုပ် အသက်ဝင်ချိန်တွင် နုတ်ထွက်မည်

3.8.2013
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် အဓိက မြှုပ်နှံသူအဖြစ်
လုပ်ကိုင်ဖူးသည့် အီတာလျံ-ထိုင်း ကုမ္ပဏီမှာ စီမံကိန်းမှ နုတ်ထွက်ခြင်း
မရှိသေးဘဲ အဆိုပါ စီမံကိန်းအား အဓိကချုပ်ကိုင် မည့် မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံအကြား ရေးထိုးမည့် မူဘောင် သဘောတူ စာချုပ် အသက်ဝင် ချိန်မှသာ
အပြီးသတ် နုတ်ထွက်မည် ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်
စီမံကိန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ အလုပ်သမား
အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က
ပြောကြားသည်။
၂၀၀၈ ခုနှစ်မှ
စတင်ခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှာ လက်ရှိကာလအထိ
စီမံ ကိန်းများ လိုအပ်သည့် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခြင်း
မရှိသည့်အပြင် စီမံကိန်း အား ဦးဆောင်လုပ်ခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက်
အီတာလျံ-ထိုင်း ကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ်ထွက်သည့်
အနေအထားများနှင့် ရင်ဆိုင်ခဲ့ရကာစီမံကိန်း အောင်မြင်ရေး အတွက် လိုအပ်သည့်
လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီ ဖြစ်သည့် Special Purpose
Vehicle-1 အား နှစ်နိုင်ငံ ပူးတွဲတည်ထောင်၍ ကုမ္ပဏီ မှတ်ပုံတင်မှုကိုထိုင်းနိုင်ငံတွင်တည်ထောင် မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူး
စီးပွားရေးဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည် သူများ
စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံမှသာ
ချုပ်ကိုင် မည် ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်စီမံကိန်းများ အောင်မြင်ရေးအတွက်ထိုင်းနိုင်ငံနှင့်
မြန်မာနိုင်ငံအကြား ရှယ်ယာရှင်များ သဘောတူစာချုပ်၊ သင်းဖွဲ့စည်းမျဉ်းနှင့်
မူဘောင်သဘောတူ စာချုပ်များအား လက်မှတ်ရေးထိုးရန် စီစဉ်မည်ဖြစ်ပြီး
မြန်မာနိုင်ငံ နိုင်ငံခြား ဆက်ဆံရေး ဦးစီးဌာနနှင့် ထိုင်းနိုင် ငံဘက်မှ
အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ယူ
လုပ်ဆောင် မည် ဖြစ်သည်။
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင်
အီတာလျံ-ထိုင်း ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်မှု များ ရပ်ဆိုင်းနေသော်လည်း
လက်ရှိတွင် စီမံကိန်းများ အကောင်အထည်ပေါ်ရန် လုပ်ဆောင်ခဲ့ သ ည့်
လုပ်ငန်းစဉ်များ အတွက် အဆိုပါ စီမံကိန်းအားအစားဝင်သူ နိုင်ငံတကာကုမ္ပဏီအနေဖြင့် အီတာလျံ-ထိုင်း ကုမ္ပဏီ ကုန်ကျခဲ့သည့် မြှုပ်နှံငွေများကို
အီတာလျံ- ထိုင်း ကုမ္ပဏီအား ပြန် လည် ပေးအပ်ရမည် ဖြစ်ကြောင်း ထားဝယ်အထူး
စီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များ ညှိနှိုင်းရေးဆွဲရေး
ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က
ဆိုသည်။
''အီတာလျံ-ထိုင်း ကုမ္ပဏီ လုပ်ဆောင်ခဲ့တဲ့ ထိုင်းနဲ့မြန်မာ
ဆက်သွယ်မယ့် မြေသားလမ်းက ကားကြီးတွေ အမြန်မောင်းလို့ရအောင် ကောင်းပါတယ်။
ဒီလမ်းမှာ ဆက်ပြီးမြှုပ်နှံမယ့် အကောင် အထည် ဆက်ဖော်မယ့် ကုမ္ပဏီအနေနဲ့
အီတာလျံ-ထိုင်း ကုန်ကျခဲ့တဲ့ ငွေတွေကို ပြန်ပေးရမှာပါ'' ဟု ဦးဆက်အောင်က
ပြောကြားသည်။
Eleven
No comments:
Post a Comment