လှူဒါန်းသည့် ထမင်းစားမိရာမှ အလယ်တန်းကျောင်းသား ၆၀ခန့် သင်္ဃန်း ညီနောင် တွင် အစာ အဆိပ်သင့်
6.8.2013
မြဝတီမြို့ နယ် သင်္ဃန်းညီနောင်ကျေးရွာ ရှိအလယ်တန်းကျောင်းတစ်ခု တွင်
လာရောက်လှူဒါန်း သည့် ထမင်းများကိုစားမိရာမှ ကျောင်း သား ၆ဝခန့်အစာ
အဆိပ်သင့်မှု ယနေ့နေ့လယ်ပိုင်း က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်၅ရက် နေ့လယ်၁၁နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့နယ်သင်္ဃန်းညီ နောင်ကျေး ရွာရှိ အမှတ်(၁) အ ခြေခံပညာအလယ်တန်းကျောင်းတွင်
ကျောင်းသားများအားငါး သေတ္တာနှင့် ခရမ်းချဉ်သီးရော ချက်ထားသည့် ဟင်းဖြင့်
ထမင်း ကျွေးရာမှ ကျောင်းသားများသည် အစာအ ဆိပ်သင့်ပြီး မူးဝေအော့
အန်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအ ဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက''အခု ကျွန်တော်တို့ ဆီကို ဖြစ်စဉ် မှတ်
တမ်းပို့ပေးဖို့လုပ်နေ ကျတယ်။ ဖော့ဘူးနဲ့ဝေတဲ့ ငါးသေတ္တာဟင်း နဲ့
ထမင်းကိုစားမိတဲ့သူတွေဖြစ် တာလို့သိရတယ်''ဟု ဩဂုတ် ၅ ရက် ညနေ
၃နာရီခန့်ကပြောသည်။
မြဝတီမြို့တွင် ကျောင်းများ သို့
စေတနာရှင်များက မကြာခ ဏအလှူဒါန အနေဖြင့် ယခုကဲ့ သို့ ကျွေးမွေးခြင်းများ
ယခင်က လည်းရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ကျောင်းသားများ အစာအဆိပ်
သင့်မှုဖြစ်ပွားခြင်းသည် မြဝတီမြို့နယ်သင်္ဃန်းညီနောင်ကျောင်းတွင်ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက် အရ သိရသည်။
အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ကရင်ပြည်နယ် စည်းရုံးရေးမှူး
ဦးအောင်ဝင်းလှိုင် က ''မနက်က သင်္ဃန်းညီနောင် မှာ အလယ်တန်းကျောင်း သား
၆ဝဦးခန့် အစာအဆိပ်သင့်တယ် လိုသိရတယ်။ ကျွန်တော်လဲသေ ချာအောင်စုံစမ်းတော့
အမှန်တ ကယ်ဖြစ်နေတာသိရတယ်။
ကျွန် တော့်အထင် ငါးသေတ္တာတွေ ဒိတ် လွန်နေတယ်ထင်တယ်''ဟုဆိုသည်။မြဝတီမြို့ဆေးရုံ ကကျန်းမာရေးဝန်ထမ်းတစ်ဦးက''ဆရာကြီးကိုယ်တိုင်သင်္ဃန်းညီနောင်
မှာ သွားစစ်ဆေးနေ တယ်။ ဆရာ ကြီးပြန်လာမှ အခြေအနေအား လုံးကိုသိရမယ်။ အခုထိ
ဆေးရုံ ကို အစာအဆိပ် သင့်မှုနဲ့ပတ်သက် ပြီး တစ်ယောက်မှမရောက်လာ သေးဘူး''ဟု
ဩဂုတ် ညနေ ၄ နာရီတွင် ပြော သည်။
ယခုဖြစ်စဉ်ကို မြဝတီခရိုင်
ကျန်းမာရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးမှု များ ပြုလုပ် လျက်ရှိပြီး
အစာအဆိပ်သင့်မှုကြောင့် သေဆုံး သူမရှိခဲ့သော် လည်း လိုအပ်သည့်
ဆေးဝါးကုသမှုများပေး လျက်ရှိကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment