မြေမြှုပ်မိုင်း ထိသူများ ဆေးရုံတက်စဉ် စားဝတ်နေရေး ထောက်ပံ့ရန် စီစဉ်
6.8.2013
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပြီး ခြေတု လက်တုများ တပ်ဆင်ရန် ဆေးရုံသို့
တက်ရောက်စဉ် ကာ လ အတွင်း ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး ထောက်ပံ့ပေးရန်
စီစဉ်လျက်ရှိကြောင်း မိုင်း အန္တရာယ် ကင်းရှင်းရေး ပညာပေး ကူညီ
စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမိုးမြင့်က ပြော ကြားသည်။
မြေမြှုပ်မိုင်း ထိခိုက်ခံရသူ အများစုမှာ တောတောင်ကို အမှီပြု စားသောက်ရ
သူများ ဖြစ်ပြီး စီး ပွားရေး ချို့တဲ့သူများ ဖြစ်သောကြောင့် ၎င်းတို့ ခြေတု
လက်တု လာရောက် တပ်ဆင်စဉ် ကာလ အတွင်း မိသားစုများ စားဝတ်နေရေး မထိခိုက်စေရန်
တစ်ရက်ကျပ်သုံးထောင်နှုန်းဖြင့် ထောက် ပံ့ပေးရန် လုပ်ဆောင်ခြင်း
ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြေမြှုပ်မိုင်းကြောင့်
ထိခိုက် ခံစားရသူများ စာရင်းကို သုံးလကြာ ကောက်ယူ မည်ဖြစ်ရာ ဇွန်လ မှ
ဇူလိုင်လအထိ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ဘောဂလိကြီး၊
သံတောင်၊ ဖာပွန်မြို့နယ် တို့တွင် ၁၅ ဦးခန့် ကောက်ယူ ရရှိပြီးဖြစ်ကြောင်း
၎င်းက ဆိုသည်။
မိုင်းထိပြီး နောက်ပိုင်း မည်သည့် အထောက်အပံ့မှ
မရရှိဘဲ မိသားစု စားဝတ်နေရေးအတွက် ရသည့်အလုပ်လုပ်ရကြောင်းပဲခူးတိုင်းအရှေ့ပိုင်း ကျောက်ကြီးမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် ခြေတု တပ်ဆင်
ထားရသူ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောကြားသည်။
ခြေတု လက်တု
တပ်ဆင်ခြင်းများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက အခမဲ့
တပ် ဆင်ပေးစဉ်ကာလအတွင်း ဆေးရုံအတွင်းတည်းခိုစားသောက်ခြင်းများကိုအခမဲ့
ဆောင်ရွက် ပေးကြောင်း ဘားအံ မြို့နယ် ခြေတုလက်တု ပြန်လည် သန်စွမ်းရေး ဌာနမှ
သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း
မြေမြှုပ်မိုင်း ထိသူ ၃၀၀၀ ဦးကျော် ရှိပြီး ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း
ဒဏ်သင့်သူ အရေအတွက် တတိယ အမြင့်ဆုံး အဆင့်သို့ ရောက် ရှိနေကြောင်း မြေမြှုပ်
မိုင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ တွင် ဖော်ပြ
ထားသည်။
The Voice Weekly
No comments:
Post a Comment