မေမြို့က မိုင်းအတုနဲ့ တွေးစရာ

16.8.2013
ပြင်ဦးလွင် ခေါ် မေမြို့မှာ လူအများ ထိပ်လန့်အောင် ဖန်တီးထားတဲ့ မိုင်းအတု တခုကို တွေ့ရှိတယ်လို့ သက်ဆိုင်ရာ က ပြောပါတယ်။
မေမြို့ ၈ ရပ်ကွက်က စစ်ကိုင်းလမ်းနဲ့ ဟင်္သာလမ်းကြား အိမ်တအိမ်ရှေ့
မြက်ခင်းပေါ်မှာ မိုင်းလို့ ယူဆ ရတဲ့ အရာတခု မသင်္ကာဖွယ်တွေ့လို့ လူတဦးက
လာရောက်သတင်းပေးရာမှာ သက်ဆိုင်ရာကလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
ဒါနဲ့ ခရိုင် ရဲတပ်ဖွဲ့မှူးတွေနဲ့ တာဝန်ရှိသူတွေက မိုင်းလို့ ယူဆရတဲ့ ပစ္စည်းပါတ်ဝန်းကျင် အန္တရာယ် မဖြစ်ရ
အောင် သဲအိတ်တွေ၊ ကားတာယာ အဟောင်းတွေကာရံ၊ လမ်းတွေပိတ်ပြီး မိုင်းရှာဖွေ ရှင်းလင်းရေး စစ် တပ် ကို အကြောင်း ကြားလိုက်တယ်တဲ့။
မိုင်းရှင်းလင်းရေး စစ်သားတွေ လာပြီး စစ်ဆေးလိုက်တဲ့အခါမှာတော့ ပုံမှာ မြင်ရတဲ့အတိုင်း ၀ိုင်ယာကြိုး
လေးတွေ၊ သစ်သား ၂ ချောင်း တိတ်ကြိုးခွေပတ်၊ ဆော့ကတ်ပြားလေးနဲ့ ဆိုတော့ တကယ့် မိုင်း အထင်
ဖြစ်အောင် ဖန်တီးထားတဲ့ မိုင်း အတု ဖြစ်နေပါရော။
လွန်ခဲ့တဲ့ လပိုင်းကပဲ မေမြို့ဈေးအနီး၊ ဆိုင်ကယ်တခု မှာ ပေါက်ကွဲမှု တခုဖြစ်လို့ ဒဏ်ရာရသူရှိခဲ့ပါသေး တယ်။
အခုတော့ ဒါက မိုင်းအတု လို့ သက်ဆိုင်ရာက အတည်ပြုပြောလိုက်တယ်။ ဒါပေမယ့်
အခုလို မိုင်းအတု အနေနဲ့ လူတဦး ၊ လူတစုက တမင် ရည်ရွယ်ချက်ရှိရှိ
နောက်လိုက်တာလား၊ ဒါမှ မဟုတ် ရဲနဲ့စစ်တပ် က ပြည်သူတွေ အထိပ်တလန့်ဖြစ်စေမယ့်
အန္တရာယ်ရှိတဲ့ အရာတွေအတွက် ရုပ်ရှင်ထဲကလို စွန့်စား ကူညီတာမျိုး လုပ်ပါတယ်
ဆိုတဲ့ သတင်းစကား ပါးချင်လို့လား ဆိုတာတော့ ဒီမိုင်းအတုနဲ့ တိုက်ရိုက်
ဆက်နွ ယ်သူတွေကပဲ သိပါလိမ့်မယ်။
အိမ့်သံစဉ်
(ဧရာဝတီ)
No comments:
Post a Comment