တရားရုံးသက်သေခံလာရောက်စဉ် တရားခံပြေးဖြစ်၍ ဖမ်းဆီးအရေးယူ
16.8.2013
၁၅-၈-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ကျော် ဖားငှဲ့(ခ)အောင်မွှေးခင်(၅၈)နှစ်သည်
မြေယာအငြင်းပွားသည့်တရားမမှုအား ဘားအံမြို့နယ်တရားရုံသို့ သက်သေအဖြစ်
အစစ်ဆေးခံရန်လာရောက်ခဲ့ရာ ၎င်းသည် ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်း
မယ(ပ)၄/၂၀၁၂၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) / ၂၀(က)/၂၁ အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်းသိရှိရသဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သွားရောက်ဖမ်းဆီးခဲ့သည်။ စစ်ဆေးချက်အရ ကျော်ဖားငှဲ့(ခ)အောင်မွှေးခင်၏နေအိမ်အား
ဝင်ရောက် ရှာဖွေခဲ့ရာ ၃၈ ဘို့ အဖြူရောင်ခြောက်လုံးပြူး ၁ လက်၊ ၎င်းကျည်၆
တောင့်၊စစ်ရောင်ပြောက် ကျား ခါးပတ်အိတ် ၁ အိတ်၊ ဖျူးစ်ပါ ၉၁ လက်ပစ်ဗုံး ၁
လုံးနှင့်၎င်းစီးနင်းလာသည့် ၅ဂ/xxxxတိုက်ဂါး ယာဉ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ကျော်ဖားငှဲ့(ခ)အောင်မွှေးခင်အား ဘားအံမြို့မရဲ စခန်း (ပ)၁၉၄/၂၀၁၃၊ လက်နက်ယာယီအက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment