ထားဝယ်ခရိုင် အနှံ့အပြားတွင် အဝေးပြေးလမ်းများ ရေကျော်လျက်ရှိသဖြင့် ကုန်တင်ယာဉ်များ ပိတ်မိနေ
1.8.2013
တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းများပေါ်တွင်
ရေများကျော်တက် လျက် ရှိပြီး ဆက်သွယ်မှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်း တနသာင်္ရီတိုင်း ဒေသကြီး၏ အဓိက
အဝေးပြေးလမ်းမကြီးဖြစ်သည့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ
နေရာအချို့တွင် လမ်းမပေါ်၌ အမြင့်လေးပေခန့် အ ထိ ရေများကျော်တက်လျက်
ရှိသောကြောင့် ကားများဖြတ်သန်းခြင်း မပြုနိုင်ဘဲ ရေကျမည့် အချိန်ကို
စောင့်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။
ထားဝယ်-ရေး
လမ်းပိုင်းပေါ်ရှိ မိုင်တိုင် ၃၅မှ၄၅အတွင်းတွင် နေရာလေးခုမှာ ရေအမြင့်
လေးပေ ခန့်အထိ လမ်းမပေါ် ကျော်တက်လျက်ရှိပြီး ၎င်းလမ်းပိုင်းပေါ်ရှိ ကလိန်အောင်
တံတားတွင်လည်း တံတားအောက် သံဘောင်သို့ပင် ချောင်းရေများ လျှံတက်ကာ
ကလိန်အောင်မြို့အတွင်း၌ ရေ အမြင့် လေးပေခန့် နစ်မြုပ်လျက်ရှိကြောင်း
သိရှိရသည်။
"ထားဝယ်က ထွက်တဲ့ကားတွေကတော့ ၂၉ မိုင်
သက်ကယ်ကွက်ရွာနားမှာ ရပ်နားနေရပါတယ်။ ဟိုဘက်ကို ကူးလို့မရပါဘူး။
ရန်ကုန်ကဆင်းတဲ့ ကားတွေလည်း ကလိန်အောင်မှာ ပိတ်မိနေတယ် လို့ သိရပါတယ်။
ကလိန်အောင်ကနေ သက်ကယ်ကွက်လောက်အထိ ရေကျော်နေတဲ့ နေ ရာလေး ခု ကို
ဖြတ်ဖို့လှေမရှိဘူး။ မီးရထားလမ်းတော့ ရှိတယ်။ ခရီးသည်တွေကို မီးရထားနဲ့ 
ထည့်လိုက် ပြီး ရေကျနေတဲ့ဘက်မှာ ကြိုရင်ကောင်းမလား စဉ်းစားနေပါတယ်။
ထားဝယ်ကထွက်လာတဲ့ ကားကိုတော့ အခြေအနေကြည့်ပြီး ပြန်လှည့်ခိုင်းရတော့မှာပါ"
ဟု ငွေငန်းဖြူ ယာဉ်လိုင်းမှ တာ ၀န်ခံ ကိုအောင်ကိုလတ်က ပြောကြားသည်။
ထားဝယ်မြို့ အနီးတစ်ဝိုက်တွင်လည်း အနိမ့်ပိုင်း ရပ်ကွက်များသို့
ရေများဝင်ရောက်လျက်ရှိပြီး မြိတ်မြို့မှ ၀င်ရောက်လာသော ကားများမှာ
ပေါက်တိုင်းချောင်း တံတားအနီးရှိ လမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီး
လမ်းကျွံနေမှုကြောင့် တံတားအနီးတွင် ရပ်နားထားရပြီး ခရီးသည်များမှာ အနီးရှိ
လမ်းမသစ်မှ သုံးဘီးဆိုင်ကယ်များဖြင့် သွားလာနေရကြောင်း သိရသည်။ ယနေ
့ညနေ ထွက်မည့် ထားဝယ်-မြိတ် အဝေးပြေးယာဉ်လိုင်းများမှာ
ခရီးစဉ်ဖျက်သိမ်းလိုက်ပြီး ရန်ကုန်-ထားဝယ် ခရီးစဉ်တွင်လည်း
ယာဉ်လိုင်းအချို့သာ ထွက်ရှိမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်း များထံမှ
သိရသည်။ ထားဝယ်ခရိုင် အတွင်းတွင် မိုးများဆက်တိုက် ရွာသွန်းခဲ့ပြီး
ဇူလိုင်တစ်လ တာ ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၇၀ ဒသမ ၅၉ လက်မရှိပြီး
ဇူလိုင် ၂၄ ရက်တွင် ထားဝယ်မြို့၌ ရွာသွန်းခဲ့သော မိုးရေချိန်ဖြစ်သည့် ၁၃
ဒသမ ၇၉ လက်မမှာ ၁၉၈၂ ခုနှစ်မှ ယခုအချိန်အထိ ဒုတိယအများဆုံး ရွာသွန်းခဲ့သော
မိုးရေချိန် ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဇူလိုင် ၄ ရက်က ရွာသွန်း ခဲ့သည့် ၁၇
ဒသမ ၆၀ လက်မမှာ ပထမ အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေ၀သနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
Eleven Media Group
No comments:
Post a Comment