မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်
1.8.2013
ရေကြီးနေတာ၃ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်း ခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ကယ်ဆယ်ရေးလုပ်ငန်းတွေတိုးမြှင့်ဆောင် ရွက်ဖို့လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။
ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမဲ့ ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေ မှာ
ရေကြီး မကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်လို့
မြဝတီမြို့က ကုန် သည်တစ်ယောက် ကပြောပါတယ်။
မြဝတီမြို့နဲ့မဲဆောက်မြို့ကြားကနေစီးဆင်းနေတဲ့
သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက် ဘက် ကို ပြောင်းပြန်စီးတဲ့မြစ်ဖြစ်ပြီး
သောင်းရင်းမြစ်အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေ တည်ဆောက်ထားပါတယ်။
အခုလိုမိုးကြီးတဲ့ကာလတွေမှာဆို ရေကာတာကျိုးမှာစိုးတဲ့အတွက်
ဆည်ဖေါက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ
ကျော်မှာ အ ဆိုးဆုံး ရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။
မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ်မှာ
သောက်သုံးရေရှားပါးလာပြီလို့ လည်း သိရပါတယ်။ ဈေးတွေ ကျောင်းတွေ
ပြန်မဖွင့်နိုင်သေးတဲ့အပြင်၊ ဘဏ်တွေကိုပါရေ ဝင် တဲ့အတွက် ပိတ်ထားရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာ ဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြဝတီကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက်
လမ်းတွေပိတ်နေပြီး၊ ကုန်စည် သွားလာမှုအတွက်ရောခရီးသည်သွားရေးတွေအတွက်ပါလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ တယ်လို့ ဆိုပါတယ်။
မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က
ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊
သောင်ရင်းမြစ်ကမ်းပါးကိုလဲထိမ်းသိမ်းထားနိုင်တဲ့ အတွက် ရေပြန်ကျသွားပြီဖြစ်
လို့ ဒေသခံတွေအတွက် ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။
Myanmar News Update
No comments:
Post a Comment