မြ၀တီမြို့ ရေဘေးသင့်ပြည်သူများကို ထိုင်းနိုင်ငံကကူညီမှုများပြုလုပ်ရန် ညှိနှိုင်းနေ

1.8.2013
မြ၀တီမြို့က ရေဘေးသင့်ပြည်သူများအတွက် တစ်ဖက်ထိုင်းနိုင်ငံကလိုအပ်သော စားနပ်ရိက္ခာ များနှင့်ဆေးဝါးများကူညီပံ့ပိုးပေးရန်အတွက် ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု သိရသည်။မြ၀တီ မြို့တွင် ဇူလိုင်လ(၂၅)ရက်က စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်တွင်
ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်(၃၀)ရက်နေ့တွင် စိုးရိမ်ရေအမှတ်(၄၇၇)စင်တီမီတာအထက် (၉၆၂) စင်တီမီတာကို ရောက်ရှိခဲ့သည်။ယခုလိုမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ပေါ်က အမှတ် (၁)(၂)(၃)(၅)ရပ်ကွက်များတွင်ရာနှုန်းပြည့်ရေကြီးမှုများဖြစ်ပေါ်ပြီး အမှတ်(၄)ရပ်ကွက်တွင် ရာခိုင်နှုန်း
(၅၀)အထိ ရေကြီးမှုဖြစ်ပေါ်ခဲ့သည်။မြ၀တီမြို့ပေါ်နှင့် ကျေးရွာများတွင်ရေဘေးကယ်ဆယ်ရေး စခန်း(၂၃)ခု၊ အိမ်ထောင်စုပေါင်း(၂၁၁၈)စု၊လူဦးရေ(၉၇၈၈)ဦးကို ကယ်ဆယ်ထားသည်ဟု သိရ သည်။ရေကြီးမှုကြောင့်လမ်းမြေပြိုခြင်း၊သစ်ပင်လဲကျခြင်းများရှိခဲ့ပြီး ခေတ္တလမ်းပိတ်ဆို့မှုများရှိခဲ့
သည်။ရေဘေးသင့်ပြည်သူများကိုတပ်မတော်သားများ၊ ပြည်နယ်အစိုးရအဖွဲ့၊ဌာနဆိုင်ရာများနှင့် အလှူရှင်များက ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ဇူလိုင်(၃၁)ရက်တွင် သောင် ရင်းမြစ်ရေသည် (၉၂၅)စင်တီမီတာကို လျှော့နည်းကျဆင်းသွားသည်ဟုသိရသည်။
SkyNet TV Browser
No comments:
Post a Comment