ဘားအံ မူးယစ်ဆေးမှု ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်
13.8.2013
ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့သင်းရူး ကျေးရွာအုပ်စု လိုင်ကားကျေးရွာ
အနောက်ဘက် (၁) မိုင် ခွဲ အကွာရှိ တဲအိမ် တစ်အိမ်တွင် သြဂုတ်လ ၁၁ ရက်
မွန်းလွဲ ၂နာရီ၌ရဲတပ်ဖွဲ့ဝင်များကမူးယစ် ဆေးဝါး များ သွားရောက်
ဖမ်းဆီးရာတွင် အိမ်တွင်းရှိ လူနှစ်ဦးက စတင် ပစ်ခတ် ရာမှ နှစ်ဖက်
အပြန်အလှန် ပစ် ခတ်ခဲ့ပြီးအိမ်တွင်းရှိလူတစ်ဦး သေဆုံးခဲ့ကြောင်းဘားအံမြို့နယ်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြော ကြား သည်။
အဆိုပါ အပြန်အလှန် ပစ်ခတ်မှုကြောင့် နေအိမ်တွင်းရှိ အသက် ၃၀ အရွယ်ဦးမိုးခိုင်ကိုအသေဖမ်းမိခဲ့ပြီး ကျန်တစ်ဦးဖြစ်သူ အသက် ၅၁ နှစ်အရွယ်ရှိ
ဦးမုဆိုး (ခ) ကြာကူးသည် ဘယ်ဘက် ခြေထောက် ဒဏ် ရာ တစ်ချက် ကျည်ဆန် ထိမှန်ကာ
ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း လိုက်လံ ဖမ်းဆီးသည့် အိန္ဒု နယ်မြေ ရဲစခန်းမှ
ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
မူးယစ်ဆေးဝါး စတင် ဖမ်းဆီးရန်
အိန္ဒုနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦး က မူးယစ်ဆေးဝါး
ရောင်း ဝယ်သူများအဖြစ် အသွင်ယူကာ ယင်းတဲအိမ်သို့ သွားရောက်ခဲ့ရာ
အိမ်တွင်းရှိ လူနှစ်ဦးက ရိပ်မိပြီး M-16 သေနတ်ဖြင့် စတင် ပစ်ခတ်ရာမှ
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“သူတို့
စပစ်တာကြောင့် ပြန်ပစ်တာ။ တစ်ယောက်က ရင်ဘတ်ကို ထိပြီး ချက်ချင်း သေသွားတယ်။
တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု မူးယစ်ဆေးဝါးများ လိုက်လံ ဖမ်းဆီးရာတွင်
ပါဝင်သူရဲအရာ ရှိ က ပြောကြား သည်။
ယင်းနောက် အိမ်အတွင်း၌ WY
စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၃၀၄၅ ပြား၊ မူးယစ်ဆေးဝါး
သုံးစွဲရာတွင်အသုံးပြုသည့်ဝါးပြောင်းသုံးခုနှင့်အတူM-16 သေနတ်တစ်လက်နှင့်ကျည်ထောင့်၁၃ ထောင့်၊ ၁၅ တောင့် ဝင် ကျည်ကတ် နှစ်ခု၊ လက်လုပ်
သေနတ်အတို သုံးလက်၊ ပြောင်းရှည် တူးမီး သေနတ် သုံး လက်၊ ၉ မမ ကျည်
သုံးတောင့်၊ ၄၅ ကျည်တစ်တောင့်နှင့်ဘီအေလက်ပစ်ဗုံးတစ်လုံးအပါအဝင်လက်နက် များကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း ဘားအံမြို့နယ် အိန္ဒုနယ်မြေ
ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါမူးယစ်ဆေးဝါး တွေ့ရှိမှုများကိုမယ(ပ)၁၁/၂၀၁၃မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ
ဥပဒေ ပုဒ်မ ၁၅၊ ၁၆ (ဂ)၊ ၁၉(က)၊ ၂၀ (က)၊ ၂၂ (ခ)၊ ၂၁ ဖြင့်အိန္ဒုနယ်မြေရဲစခန်း တွင် လည်းကောင်း၊ လွတ်မြောက်ခဲ့သူ ဦးမုဆိုး (ခ) ကြာကူးကို ယခင်
မူးယစ်ဆေးဝါး အမူများဖြင့် မယ (ပ) ၅၊ ၂၀၁၁ ၊ မယ (ပ) ၁၇၊၂၀၁၂ နှင့် မယ
(ပ)၁၉၊ ၂၀၁၂ တို့ဖြင့် အမူဖွင့်ထားသူ တရားခံပြေး တစ် ဦး ဖြစ်ကြောင်း
ဘားအံမြို့နယ် မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
ဟိန်းသွင်ထက်
The Voice Weekly
No comments:
Post a Comment